COVID-19 ရောဂါကို ထိန်းချုပ်နိုင်ရန် အချိန်ကြာဦးမည်ဟု WHO ပြော

ဓာတ်ပုံ-ရိုက်တာ
ကမ္ဘာကြီးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ထိန်းချုပ်ဖို့  အချိန်အတော်ကြာအားထုတ်ရ မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO  ထိပ်တန်းကျွမ်းကျင်သူတွေက မေလ ၁၃ ရက်မှာ သတိပေးလိုက်ပါတယ်။   ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ဟာ နိုင်ငံအဆင့် ၊ဒေသတွင်းနဲ့ ကမ္ဘာ့အဆင့်မှာပါ မြင့်မားနေဆဲပဲ လို့  ဒေါက်တာ မိုက်ခ်ရိုင်ယန်က ပြောဆိုပါတယ်။  ရောဂါတဖန် ဖြစ်ပွားတာကို ထောက်လှမ်းနိုင်စွမ်း မရှိဘဲ အသွားအလာ ထိန်းချုပ်ကန့်သတ်ချက် လော့ဒေါင်းအစီအမံတွေကို ဖြေလျှော့ပေးလိုက်ရင် ပြည်သူ့ကျန်းမာရေးနဲ့ စီးပွားရေး ပြဿနာတွေ သံသရာလည်နေမှာကို စိုးရိမ်မိတယ်လို့လည်း  WHO အရေးပေါ် အစီအစဉ်အကြီးအကဲက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ  ဆိုခဲ့ပြန်ပါတယ်။   သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဂတ်ဘရီအီးဆပ်စ်က  အာဖဂန်မိခင်နဲ့ကလေးဆေးခန်း ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့အပေါ်မှာ တုန်လှုပ်ခြောက်ခြား မိတဲ့အကြောင်းနဲ့ ဆေးရုံဆေးခန်းတွေဟာ ပစ်မှတ် မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up