စောင်ရေအများဆုံး 7 Day နေ့စဉ်သတင်းစာ ထုတ်ဝေ
DVB
·
April 25, 2013
မြန်မာနိုင်ငံမှာ စောင်ရေအများဆုံး 7Day ဂျာနယ်ဟာ ဧပြီ ၂၅ ရက်နေ့ကစပြီး နေ့စဉ်သတင်းစာ ထုတ်ဝေလာပါတယ်။ စာမျက်နှာ ၂၄ မျက်နှာ ပါဝင်ပြီး စောင်ရေ ၃ သောင်းခွဲ ရိုက်နှိပ်ကာ ၁ စောင် ကျပ် ၂၀၀ နဲ့ ဖြန့်ဖြူးပါတယ်။
ဒါဟာ သတ္တမမြောက် ပုဂ္ဂလိက နေ့စဉ်သတင်းစာ ဖြစ်ပြီး ရှေ့မှာ ရွှေနိုင်ငံသစ်၊ ပြည်ထောင်စု၊ စံတော်ချိန်၊ The Voice၊ ခေတ်သစ်နဲ့ Myanmar Newsweek သတင်းစာတွေ ထုတ်ဝေပြီး ဖြစ်ပါတယ်။
ဒါ့အပြင် မေ ၁ ရက်နေ့မှာ ရန်ကုန်တိုင်းမ်၊ မေ ၃ ရက်နေ့မှာ ဒေးလီးအလဲဗင်း၊ မေ ၇ ရက်နေ့မှာ မက်စင်ဂျာ နေ့စဉ် စတဲ့ ပုဂ္ဂလိကသတင်းစာ ၃ စောင် ဆက်တိုက် ထုတ်ဝေလာဦးမယ်လို့ သက်ဆိုင်ရာ ဂျာနယ်တိုက်တွေက ကြေညာထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနဟာ ပုဂ္ဂလိက နေ့စဉ်သတင်းစာ လျှောက်ထားသူတွေအနက် ၁၆
ဦးကို ထုတ်ဝေခွင့်ပြုထားပြီး ဒီကနေ့အချိန်ထိ ၇ စောင် ထုတ်ဝေနေပြီး ဖြစ်ပါတယ်။