Home
မြန်မာသတင်း
အလုံမြို့နယ်တွင် COVID-19 လူနာသစ် အမျိုးသမီး ၁ ဦးတွေ့ရှိ၊ နိုင်ငံတဝန်း အတည်ပြုလူနာ ၁၈၁ ဦးအထိရှိလာ
DVB
·
May 13, 2020
ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် အမျိုးသမီး တစ်ဦးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မေလ ၁၃ ရက်ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ အလုံမြို့နယ်မှာနေထိုင်တဲ့ အဆိုပါလူနာသစ် အမျိုးသမီးဟာ အသက် ၅၂ နှစ်အရွယ်ရှိပြီး လူနာအမှတ် ၁၇၉ နဲ့ ထိတွေ့မှု ရှိခဲ့လို့ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။ ဒီနေ့ညနေပိုင်းမှာ  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၆၇) ခုနဲ့  ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၈၇) ခု၊ စုစုပေါင်း (၁၅၄)ခုအား စစ်ဆေးပြီးစီးခဲ့ရာမှာ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် တစ်ဦး ထပ်တွေ့ရှိရတာပါ။ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာ  စစ်ဆေးမှုတွေမှာ  နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ  ၃ ဦး (Case-35,147 နှင့်150) ရှိလို့ ဒီကနေ့အထိ  ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၇၉ ဦးရှိပြီး ဒီအထဲက  ၆၆ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ မေ ၁၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ  ပေါင် ၁၈၁ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ Photo-MOHS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024