Home
မြန်မာသတင်း
COVID-19 လူနာအမှတ်  ၁၅၀ ရောဂါပျောက်ကင်းသဖြင့် ဟားခါးဆေးရုံကဆင်း
DVB
·
May 13, 2020
ဟားခါးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ COVID-19  လူနာနံပါတ် ၁၅၀ ဟာ ကျန်းမာရေးကောင်းမွန်တဲ့အတွက် ဆေးရုံကဆင်းသွားပြီးလို့ ဟားခါးဆေးရုံရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။ အသက် ၁၈ နှစ်အရွယ် လူနာနံပါတ် ၁၅၀ ဟာ ဧပြီလ ၂၉ ရက်နေ့က ရောဂါပိုး ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့တာပါ။ သူ့ကို နောက်ဆုံး ဓာတ်ခွဲစစ်ဆေးမှု ၂ ကြိမ်ပြုလုပ်ရာမှာလည်း ရောဂါပိုး မတွေ့ရှိရတော့တာကြောင့် ဆေးရုံက ဆင်းခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ လူနာနံပါတ် ၁၅၀ ဟာ တရုတ်နိုင်ငံကနေ ပြန်လာတာဖြစ်ပြီး မတ်လ ၂၀ ရက်နေ့မှာ မူဆယ်မြို့သို့ ရောက်ရှိလာကာ ဧပြီလ ၅ ရက်နေ့မှာ ဟားခါမြို့  သီးဖူးလ်ကျေးရွာအုပ်စု နေအိမ်ကို  ရောက်ရှိခဲ့ပါတယ်။ ဧပြီလ ၁၆ ရက်နေ့မှာ သီးဖူးလ်ကျေးရွာအုပ်စု ထွေအုပ်စာရေးက  မြို့နယ်အုပ်ချုပ်ရေးမှူးထံ သတင်းပို့လို့ အုပ်ချုပ်ရေးမှူးက  ဟားခါးဆေးရုံအုပ်ကြီးဆီ သတင်းဆက်ပို့ပြီး  Facility Quarantine ထားရှိထားရာမှ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024