ကိုမန်ကို ခေါ်ယူရန် ရီးရဲလ်၊ ဘာစီလိုနာနှင့် မန်စီးတီးအသင်းတို့ စိတ်ဝင်စား

ဓာတ်ပုံ - ဂတ်တီအင်းမေ့ချ်
558
ဘိုင်ယန်မြူးနစ် တောင်ပံတိုက်စစ်မှူး ကင်းစ်လေကိုမန်ကို ရီးရဲလ်၊ ဘာစီလိုနာနဲ့ မန်စီးတီးအသင်းတွေက ခေါ်ယူလိုနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီး တောင်ပံကစားသမား လီရွိုင်းဆာနေးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတာကြောင့် ကိုမန်ကို ပြန်လည်ရောင်းချရဖို့ ရှိနေတာပါ။
အသက် ၂၃ နှစ်ရှိ ပြင်သစ်လက်ရွေးစင် ကိုမန်ဟာ ၂၀၂၃ ခုနှစ်အထိ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်းရှိနေပြီး အခုနှစ်ရာသီမှာ ဘိုင်ယန်အသင်းအတွက် ၂၄ ပွဲမှာ ၅ ဂိုး သွင်းယူထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ကာလရှည်ပစ်မှတ်ထားနေတဲ့ မန်စီးတီးက ဆာနေးကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ကိုမန်ကို ပေါင် ၅၂ သန်းခန့်နဲ့ အပြီးသတ်ရောင်းချဖို့ ဘိုင်ယန်အသင်းက စီစဉ်ထားတယ်လို့ သိရပါတယ်။
ကိုမန်ဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာ လက်အောက်မှာ ကစားခဲ့ဖူးပြီး ဂွါဒီယိုလာဟာ အကောင်းဆုံးနည်းပြ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။