ဒေါ်လာ ၃ သိန်းခန့်တန်ဖိုးရှိ COVID-19 ကာကွယ်ရေး ဆက်စပ်ပစ္စည်းများ မြဝတီရောက်
DVB
·
May 12, 2020
COVID-19 ရောဂါ ကာကွယ်တားဆီးရာမှာ အသုံးပြုတဲ့ ကျန်းမာရေးဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ အမေရိကန် ဒေါ်လာ ၃ သိန်း ဖိုးလောက် ထိုင်းနိုင်ငံဘက်ကနေ နယ်စပ်ချစ်ကြည်ရေးတံတားအမှတ်(၂)ကို ကျော်ဖြတ်ပြီး မြဝတီဘက်ကို ဒီကနေ့ ရောက်ရှိပါတယ်။
အဆိုပါဆက်စပ်ပစ္စည်းတွေကို မြဝတီခရိုင်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ အကောက်ခွန်ဦးစီးဌာနတို့က ကြိုဆိုလက်ခံကြပြီး ကုန်ပစ္စည်းတွေကို စစ်ဆေးကြပါတယ်။
ထိုင်းမော်တော်ယာဉ် ကွန်တိန်နာ ၃ စီးနဲ့ ဆက်စပ်ပစ္စည်းမျိုးစုံ (၁၂)မျိုးပါ ဂျက်ဖါ (၁၈၃)ဖာ ကာလတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၇၇၄၀၈ ရှိပါတယ်။
ဒီပစ္စည်းတွေကို မြဝတီမြို့ကနေ ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဌာနကို ဆက်လက်ပို့မှာဖြစ်ပြီး ဒီနောက် တိုင်းနဲ့ပြည်နယ်ရှိ လိုအပ်တဲ့ ဆေးရုံတွေကို ဆက်လက်ဖြန့် ဝေမယ်လို့ သိရပါတယ်။
သတင်း- ဖိုးစီ