တိုက်စစ်မှူးတီမိုဝါနာ လီဗာပူး ကစားပုံနှင့် အံဝင်နိုင်ဟု လိုက်ဇစ်အရာရှိချုပ် သုံးသပ် 

ဓာတ်ပုံ - ဒေးလီးမေးလ်
တိုက်စစ်မှူးတီမိုဝါနာဟာ လီဗာပူးလို အသင်းမှာ ခြေစွမ်းပြ ကစားနိုင်စွမ်းရှိတယ်လို့ နည်းပြဟောင်း ရမ်နစ်က သုံးသပ်ပြောပါတယ်။ နည်းပြ ရမ်နစ်ဟာ လိုက်ဇစ်အသင်းကို ၃ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အားကစားနဲ့ ဖွံ့ဖြိုးရေးအရာရှိချုပ်အဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပါတယ်။  တီမိုဝါနာဟာ လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့သတင်း ထွက်ပေါ်နေချိန်မှာ အသင်းတာဝန်ရှိသူတဦးက လီဗာပူးမှာ အံဝင်အောင် ကစားနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးလိုက်တာပါ။  လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်းနဲ့ ကစားပုံဆင်တူတာကြောင့် သူ အသင်းပြောင်းရွှေ့ ကစားမယ်ဆိုရင်လည်း ခြေစွမ်းပြသနိုင်မှာဖြစ်ပေမယ့် အသင်းမှာပဲ ဆက်ရှိစေချင်တယ်လို့ နည်းပြဟောင်း ရမ်နစ်က ပြောပါတယ်။  ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ၂၀၁၆ ခုနှစ်ကတည်းက စတုဂတ်ကနေ ပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်းပွဲ ၁၅၀ မှာ ၈၈ ဂိုး သွင်းယူပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up