Home
မြန်မာသတင်း
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် လှိုင်းသစ်စနိုင်ဟု သတိပေး 
DVB
·
May 12, 2020
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်လှိုင်းသစ် စလာတာ ဖြစ်နိုင်တယ်လို့ တရုတ် အာဏာပိုင်တွေက မေ ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။ ကျိလင်းပြည်နယ်က ရှူးလန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို အဆင့် ၃ ဆင့်မှာ အမြင့်ဆုံးအဆင့် ပြန်သတ်မှတ်လိုက်တာပါ။ မေလ ၇ ရက်က အမျိုးသမီးတယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ခဲ့ပြီးနောက် အနိမ့်ဆုံးအဆင့်၊  အဲဒီကနေ  အလယ်အလတ်အဆင့်နဲ့ နောက်ပိုင်း အမြင့်ဆုံးဆိုပြီး အာဏာပိုင်တွေက တိုးမြှင့်ခဲ့ပါတယ်။  မေ ၉ ရက်နေ့မှာတော့ ပိုးတွေ့လူနာသစ် ၁၁ ယောက်ကို အတည်ပြုခဲ့ပြီး  အားလုံးဟာ အဲဒီအမျိုးသမီးရဲ့ မိသားစုဝင် ဒါမှမဟုတ် မိသားစုဝင်တွေနဲ့  ထိတွေ့ခဲ့သူတွေ ဖြစ်ပါတယ်။  မေ ၁၀ ရက်မှာတော့ ကျိလင်းပြည်နယ်မှာ နောက်ထပ် ပိုးတွေ့လူနာ  ၃ ယောက် တွေ့ရှိပြီး အားလုံးဟာ ရှူးလန်မြို့က ကူးစက်ခံရသူတွေနဲ့ ဆက်စပ်တယ်လို့  ရှင်းဟွာသတင်းက ရေးပါတယ်။  အိမ်နီးချင်း လျောင်နင်းနဲ့ ဟေလုံကျန်းပြည်နယ်တွေမှာလည်း မေ ၁၀ ရက်က  ပိုးတွေ့သူ တယောက်စီ ရှိခဲ့ပြီး ဒေသတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန်လာမှာကို စိုးရိမ်စိတ်တွေ  ဖြစ်ပေါ်နေပါတယ်။  အလားတူ   ဗိုင်းရပ်စ်စတင်ပျံ့နှံ့ရာ  ဝူဟန်မြို့မှာလည်း အသွားအလာ ကန့်သတ်တဲ့ လော့ဒေါင်းကို ဖြေလျှော့ပြီးနောက်  မေ ၁၁  ရက်က  ပထမဆုံးအကြိမ် ဗိုင်းရပ်စ် အစုလိုက် ကူးစက်ခဲ့ပါတယ်။ ဒါကြောင့် ကူးစက်တာတွေ ကျယ်ကျယ်ပြန့်ပြန့်  ပြန်ဖြစ်လာမှာ စိုးရိမ်စိတ်တွေ ပေါ်လာစေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024