နေမာနှင့် အမ်ဘာပေတို့ အသင်းပြောင်းရွှေ့မည်မဟုတ်ဟု ဟာရဲယား သုံးသပ်

ဓာတ်ပုံ - ဒေးလီးမေးလ်
တိုက်စစ်မှူး နေမာနဲ့ အမ်ဘာပေတို့ဟာ အသင်းကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ ပီအက်စ်ဂျီကွင်း လယ်ကစားသမား ဟာရဲယားက ပြောလိုက်ပါတယ်။ နေမာကို ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့နှစ်ကတည်းက ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးသလို အမ်ဘာပေကိုလည်း လီဗာပူး၊ ရီးရဲလ်မက်ဒရစ်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။  ကွင်းလယ်လူ ဟာရဲယားကတော့ သူတို့နှစ်ဦးစလုံး အသင်းမှာ ဆက်ရှိနေမှာဖြစ်ပြီး အသင်းရဲ့ စီမံကိန်းအပေါ်မှာလည်း ကျေနပ်ပျော်ရွှင်နေကြသူတွေလို့ ဆိုပါတယ်။  ပီအက်စ်ဂျီအသင်းဟာ ကစားသမားကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး ဥရောပချန်ပီယံလိဂ်မှာ ချန်ပီယံဆုဖလားရယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

More News
Up