Home
မြန်မာသတင်း
COVID-19 အတည်ပြုလူနာများအနက် ၇၄  ဦး ရောဂါပိုးကင်းစင်၊ ၅၉ ဦး ဆေးရုံက ဆင်းခွင့်ရ
DVB
·
May 12, 2020
COVID-19  အတည်ပြုလူနာ ဟောင်းတွေရဲ့ ဓါတ်ခွဲနမူနာတွေကိုစစ်ဆေးရာမှာ Case 30နဲ့ Case 97 တို့မှာ ၂ ကြိမ်ဆက်တိုက်ပိုး မတွေ့ရှိတာကြောင့်ရောဂါပိုး ကင်းစင်သူ စုစုပေါင်း ၇၄ ဦး အထိရှိလာပြီး ဆေးရုံကနေ ၅၉ ဦး ဆင်းခွင့်ရထားတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာပါတယ်။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညက ထုတ် ပြန်ပါတယ်။ မေလ ၁၁ ရက်နေ့ကအမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာနက စစ်ဆေးတဲ့ ဓါတ်ခွဲနမူနာ (၁၈၇)ခု၊နဲ့ ဆေးသုတေသနဦးစီးဌာနက စစ်ဆေးတဲ့ ဓါတ်ခွဲနမူနာ (၁၆၆)ခု စုစုပေါင်း (၃၅၃)ခုမှာ ဓါတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိ တာပါ။ မေ ၁၂ ရက် မနက်ပိုင်း ၇ နာရီလောက်အထိ  မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ  ၁၈၀ ဦး၊ သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနကထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024