ကပ်ဘေးကာလ စားနပ်ရိက္ခာလိုအပ်သူများအတွက် ထိုင်းနိုင်ငံအနှံ့ အခမဲ့ Food Box များထားပေး 

ထိုင်းနိုင်ငံရှိ ရရစားစား လူတန်းစားတွေကို ကျွေးမွေးကူညီဖို့ စည်သွပ်ဘူးနဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေကနေ အာလူးအိတ်တွေထိပါတဲ့ အခမဲ့ စားစရာတွေယူနိုင်တဲ့ ကြောင်အိမ်လို နေရာတွေ ထိုင်းနိုင်ငံမှာ မှိုလိုပေါက်နေပါတယ်။ လူထူတဲ့နေရာတွေက ကြောင်အိမ်ငယ်လေးတွေထဲမှာ လိုအပ်သူတွေကို ကူညီဖို့ စားစရာနဲ့ လိုအပ်တတ်တဲ့ ပစ္စည်းတွေ ချက်ချင်း ပြည့်နေပါတယ်။ ဒေသခံတွေက စားစရာတွေ၊ ပုလင်းသွပ် သောက်စရာတွေ၊ ဆန်တွေ၊ ဆပ်ပြာတွေနဲ့ တစ်သျှူးလိပ်တွေကို ပိုပြီးလာထည့်နေကြပါတယ်။ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံအနှံ့ ၄၄ ခရိုင်မှာ အလားတူ စားစရာမျှဝေတဲ့ ကြောင်အိမ်ပေါင်း ၁၅၀ ကျော် ပေါ်ပေါက်ခဲ့တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။ စီမံကိန်း စတင်သူ ဆူပါကစ် ကူချာ့တ်ဝီဂျစ်က “COVID-19 ကူးစက်ကပ်ဘေးကြောင့် ထိုင်းနိုင်ငံသား အများအပြားဟာ ဝင်ငွေမရှိ၊ စားစရာ ဝယ်ဖို့ ငွေမရှိတာကို ရင်ဆိုင်နေရတယ်ဆိုတာ ကျနော် သဘောပေါက်တယ်။  ဒီစီမံကိန်းက သူတို့ကို ကူညီမယ်လို့ ကျနော်တို့ ထင်တယ်”လို့  ပြောပါတယ်။  ကျန်ခဲ့တဲ့ သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံ အတည်ပြုလူဦးရေဟာ ခု ဂဏန်းထိ ကျဆင်းအပြီးမှာ စီးပွားရေးလုပ်ငန်းတချို့ အလုပ်ပြန်စဖို့ အစိုးရက ခွင့်ပြုပြီး ကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းလုပ်သားအင်အား အများစုက အလုပ်လက်မဲ့ ဖြစ်နေပြီး ငွေကျပ်နေကြတာပါ။ ထိုင်းနိုင်ငံထဲမှာ မေလ ၁၁ ရက်ထိ အတည်ပြုချက်အရ ကူးစက်ခံ စုစုပေါင်း ၃၀၁၅ ယောက်ရှိပြီး ကူးစက်ခံ ၅၆ ယောက် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up