Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့နယ်က မြေတိုင်းဝန်ထမ်း ၁ ဦးကို အဂတိလိုက်စားမှုဖြင့်အရေးယူ  
DVB
·
May 12, 2020
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်း ဦးစီးဌာန မြေတိုင်း(၄) ဦးမင်းမင်းလတ် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူလိုက်တယ်လို့  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မေ ၁၁ ရက်မှာ  ထုတ်ပြန်ပါတယ်။ တောင်တွင်းကြီးမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရေး လျှောက်ထားတဲ့ကိစ္စ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ ငွေကြေးပေးခဲ့ရတာကို အရေးယူပေးဖို့ ကော်မရှင်သို့ တိုင်ကြားလာတာနဲ့ ပတ်သက်ပြီး စုံစမ်း အရေးယူလိုက်တာ ဖြစ်ပါတယ်။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ မြေတိုင်း(၄) ဦးမင်းမင်းလတ်ဟာ တောင်တွင်းကြီး မြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရေး လျှောက်ထားတွေထံက  စုစုပေါင်း ငွေကျပ် ၂,၂၂၀,၀၀ဝ ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့တာ စစ်ဆေးတွေ့ရှိရတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ခုလိုရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ သူ့ကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တောင်တွင်းကြီး မြို့မရဲစခန်းမှာ မေလ ၁၁ ရက်က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024