Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် လူစုလူဝေးမဖြစ်စေရန် မိုးစပါးချေးငွေ ၁ ရက်ကို လူ ၁၀၀ နှုန်း ထုတ်ပေးမည်
DVB
·
May 11, 2020
မွန်ပြည်နယ်မှာ COVID-19 ရောဂါကို ကာကွယ်တဲ့အနေနဲ့ လူစုလူဝေး မဖြစ်အောင် မိုးစပါးချေးငွေကို ၁ ရက်ကို လူ ၁၀၀ နှုန်းပဲ ထုတ်ချေးပေးမှာဖြစ်ပြီး တောင်သူလယ်သမားတွေအနေနဲ့ ရက်ချိန်ပေးထားတဲ့နေ့မှ ချေးငွေလာထုတ်ကြဖို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးဘဏ် မွန်ပြည်နယ်ဘဏ်ခွဲက မေတ္တာရပ်ခံလိုက်ပါတယ်။  စိုက်ပျိုးရေးစရိတ် မိုးစပါးချေးငွေကို ပုံမှန်ဆိုရင် မေလ ပထမအပတ်မှာ စတင် ထုတ်ချေးပေး တာ ဖြစ်ပေမယ့် အခုနှစ်မှာတော့ Covid 19 ရောဂါကြောင့် မေလတတိယအပတ်ကစပြီး စတင် ထုတ်ချေးပေးသွားဖို့ စီစဉ်ထားပါတယ်။ အဲလို ထုတ်ချေးပေးရာမှာလည်း လူစုလူဝေးမဖြစ်အောင် တရက်ကို လူ ၁၀၀ နှုန်းသာ ထုတ်ချေးပေးသွားဖို့ စီစဉ်တာလို့ မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ် မွန်ပြည်နယ်ဘဏ်ခွဲ မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ မိုးစပါးချေးငွေကို အခုနှစ်မှာ လယ်ဧကပေါင်း ၂၈၀၀၀၀ ကျော်အတွက် ငွေကျပ် ၄၃ ဘီလီယံ ကျော် ထုတ်ချေးပေးဖို့ စီစဉ်ထားတာပါ။ အဲလို ထုတ်ချေးပေးရာမှာ မြန်မာလယ်ယာဖွံ့ဖြိုရေးဘဏ်မှာ တစ်ခါမှ မချေးပေးဖူးတဲ့ အတိုးနှုန်း ၅ ရာခိုင်နှုန်းအထိ လျော့ချပေးထားတယ်လို့ ဦးကျော်စွာလှိုင်က ဆိုပါတယ်။ မိုးစပါးငွေ ထုတ်ချေးပေးရာမှာ လယ် ၁ ဧကကို ကျပ် ၁၅၀၀၀၀ နှုန်းနဲ့ လယ် ၁၀ ဧကအထိ ထုတ်ချေးပေးနေတာပါ။ တောင်သူလယ်သမားတွေကတော့ ချေးငွေထုတ်ပေးရမှာ ရှိရင်းစွဲ လယ်ဧကအတိုင်း ချေးငွေထုတ်ပေးဖို့ လိုလားနေကြတယ်လို့ ပေါင်မြို့နယ်နေ လယ်သမား ဦးလွင်အေးက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ နှစ်စဉ် မိုးစပါး ဧကပေါင်း ၂၈၀၀၀၀ ကျော် စိုက်ပျိုးနေတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မိုးရာသီကာလမှာ ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးချိန် နောက်ကျခဲ့တဲ့အတွက်ကြောင့် တောင်သူလယ်သမားအများစု စပါးအထွက်လျော့ကာ အရှုံးပေါ်ခဲ့ပါတယ်။  သတင်း - ဇော်လွင်ထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024