ဘောလုံးသမားအများအပြား ဗိုင်းရပ်စ်ပိုးကူးစက်ခံရသဖြင့် လိဂ်ပွဲများ စတင်ရန် အခက်တွေ့နိုင်

ဓာတ်ပုံ-ဒေးလီးမေးလ်
ဥရောပထိပ်တန်းလိဂ်တွေက ဘောလုံးသမားတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ ပြိုင်ပွဲစတင်ဖို့ အခက်အခဲတွေ ရှိလာပါတယ်။  ဥရောပဘောလုံးလိဂ်တွေထဲမှာ ဘယ်လ်ဂျီယံ၊ ဟော်လန်နဲ့ ပြင်သစ်လိဂ်တွေက ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အခုနှစ်ရာသီကို ဖျက်သိမ်းခဲ့ပါတယ်။  အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ အီတလီနဲ့ တခြားဥရောပလိဂ်တွေကတော့ လာမယ့်ဇွန်လမှာ ပြန်လည်စတင်ဖို့ စီစဉ်ထားပါတယ်။  ဒါပေမယ့် အဲဒီနိုင်ငံတွေက ဘောလုံးအသင်းတွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ ကစားသမားတွေ ရှိနေပါတယ်။  မေ ၁ ရက်နေ့ကတည်းက စတင်ရေတွက်မယ်ဆိုရင် အင်္ဂလန်ကလပ် ဘရိုက်တန် ကစားသမားတဦး ဗိုင်းရပ်စ်ကူးစက်ခံထားရလို့ တခြားကစားသမားတွေဟာလည်း သီးသန့်နေထိုင်နေရပါတယ်။  ဂျာမနီမှာတော့ ကိုလုံးနဲ့ ဒုတိယတန်းလိဂ်တွေမှာ ကစားသမား ၁၀ ဦးအထိ ပိုးတွေ့ရှိခဲ့ပါတယ်။  စပိန်မှာတော့ အက်သလက်တီကိုနဲ့ ဘက်တစ်၊ ဆိုစီဒက်နဲ့ ဂရန်နာဒါအသင်းတွေက ကစားသမား ၅ ဦး ပိုးတွေ့ရှိထားပါတယ်။  အီတလီမှာ ဖီအိုရင်တီးနား၊ ဆမ်ဒိုးရီးယားနဲ့ တိုရီနိုအသင်းတွေက ၁၁ ဦးအထိ တွေ့ရှိခဲ့ပါတယ်။  ဒီအခြေအနေတွေကြောင့် တခြားကစားသမားတွေဟာလည်း သီးသန့်နေထိုင်ရနိုင်လို့ ပြိုင်ပွဲပြန်လည်စတင်ဖို့ အခက်အခဲရှိလာတာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up