Home
မြန်မာသတင်း
ရန်ကုန်တွင် COVID-19  လူနာသစ် ၂ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ၁၈၀ ဦး အထိရှိလာ
DVB
·
May 10, 2020
ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 အတည်ပြုလူနာသစ် ၂ ဦးထပ်မံ စစ်ဆေးတွေ့ရှိရပြီး နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၁၈၀ အထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ လူနာသစ်နှစ်ဦးကတော့ အင်းစိန်မြို့နယ်က အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးနဲ့ မရမ်းကုန်းမြို့နယ်က အသက် ၂၁ နှစ်အရွယ်  အမျိုးသမီး တစ်ဦးတို့ဖြစ်ပါတယ်။ အဆိုပါလူနာသစ် နှစ်ဦးဟာ ပြည်ပကိုခရီးသွားခဲ့တာ မရှိပေမယ့်   COVID-19 အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး အသွားအလာကန့်သတ်  စောင့်ကြည့်ခံနေရသူတွေ ဖြစ်ပါတယ်။ ဒီကနေ့ ညနေပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၉၀ ခုနဲ့ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၁၅ ခု၊ စုစုပေါင်း ၂၀၅ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ  COVID-19  လူနာသစ် ၂ ဦး တွေ့ရှိရတာဖြစ်ပါတယ်။ မေလ ၁၀ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၁၈၀ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူစုစုပေါင်း ၇၂ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ  ၅၅ ဦး ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ Photo-MOHS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024