Homeမြန်မာသတင်း
မြန်မာအတွက် ကယ်ဆယ်ရေးပစ္စည်းသယ်လေယာဉ်များကို ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်က ငွေကြေးထောက်ပံ့
မြန်မာအတွက် ကယ်ဆယ်ရေးပစ္စည်းသယ်လေယာဉ်များကို ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်က ငွေကြေးထောက်ပံ့
DVB
·
May 10, 2020
မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်ဖို့ လေယာဉ်တွေကို ဥရောပသမဂ္ဂနဲ့ ဆွစ်ဇာလန်တို့ကနေ ငွေကြေးထောက်ပံ့ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။
ဒီနေ့မှာပဲ ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံအတွက် Gavi ရဲ့ ထောက်ပံ့မှုနဲ့ UNICEF က ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ရောဂါစမ်းသပ်စက်ကိရိယာ အခု ၁၀,၀၀၀၊ ကာကွယ်ရေးဝတ်စုံ(PPE)၊ အဖျားတိုင်းစက်တွေနဲ့ ရောဂါပိုးမွှားပိုးသတ်ဆေးအရည်တွေဟာ ကယ်ဆယ်ရေးလေယာဉ်နဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ ရန်ကုန်ကို ရောက်လာပါတယ်။
မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါစမ်းသပ်စက်ကိရိယာ အခုရေ ၂၀,၀၀၀ သောင်းရမှာ ဖြစ်ပြီး ဒုတိယအသုတ်ကတော့ ဇွန်လမတိုင်ခင် ရမယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့တာကို ထိန်းချုပ်ဖို့အတွက် ပြည်ပက ခရီးသည်တင် လေယာဉ်တွေ မြန်မာနိုင်ငံမှာ ဆင်းသက်ခွင့်ကို ယာယီရပ်ဆိုင်းထားပါတယ်။
ဒါကြောင့် လိုအပ်တဲ့ ဆေးဝါးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ ဆက်လက် သယ်သူပို့ဆောင်နိုင်ဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကစီစဉ်တဲ့ လေယာဉ်တွေကို မလေးရှားကနေ မြန်မာနိုင်ငံကို ပျံသန်းနိုင်ဖို့ ဥရောပသမဂ္ဂနဲ့ ဆွစ်ဇာလန်တို့ကနေ ငွေကြေးထောက်ပံ့ပေးထားပါတယ်။
ဒီလေယာဉ်တကြိမ်မှာ အထောက်အကူ အသက်ကယ်ဆေးပစ္စည်းကိရိယာ မက်ထရစ် ၂ တန် သယ်ဆောင်နိုင်မှာဖြစ်ပြီး ပုံမှန်လေကြောင်းလိုင်းတွေ ပြန်လည်စတင်တဲ့အထိ အပတ်စဉ် သယ်ယူပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။