အနာဂတ်အတွက်စဉ်းစားပြီး လီဗာပူးကို ပြောင်းရွှေ့ခဲ့ဟု ဗန်ဒိုက်ပြော

ဓာတ်ပုံ - ရိုက်တာ
756
လီဗာအသင်းကို ပြောင်းရွှေ့ဖို့အတွက် အခြေအနေအားလုံးကို စဉ်းစားဆုံးဖြတ်ခဲ့တယ်လို့ နောက်ခံလူ ဗန်ဒိုက်က ပြန်လည်ပြောပြလိုက်ပါတယ်။
ဗန်ဒိုက်ဟာ မန်စီးတီးအသင်းရဲ့ စိတ်ဝင်စားမူတွေကို ပယ်ချပြီး ဆောက်သမ်တန်ကနေ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ပြောင်းရွှေ့ခဲ့တာပါ။
လီဗာပူးအသင်းနဲ့ ဆက်စပ်တာတွေအားလုံးကို စဉ်းစားခဲ့ပြီး အသင်းရဲ့ကစားပုံ၊ အသင်းဖော်တွေနဲ့ အနာဂတ်အလားအလာ စတဲ့အချက်တွေကို စဉ်စားပြီးမှ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဗန်ဒိုက်က ပြောပါတယ်။
ဒါ့အပြင် လီဗာပူးမြို့ရဲ့ အခြေအနေနဲ့ ပရိသတ်တွေရဲ့အားပေးမှုတွေက ပြောင်းရွှေ့မှုမှာ အဓိကကျခဲ့တယ်လို့ ဗန်ဒိုက်က ဆိုပါတယ်။
ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့နှစ်က ဥရောပချန်ပီယံလိဂ် ဆုဖလားရ ယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုလည်း ရခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု စကာတင် ၃ ဦးထဲလည်း ပါဝင်ခဲ့ပြီး ဒုတိယဆုရယူနိုင်ခဲ့ပါတယ်။