Homeမြန်မာသတင်း
မိုးညှင်းထောင်တွင် အကျဉ်းသားတဦး အတက်ရောဂါကြောင့်သတိလစ်၊ ဆေးရုံပို့စဉ် လမ်းခုလပ်၌ သေဆုံး
မိုးညှင်းထောင်တွင် အကျဉ်းသားတဦး အတက်ရောဂါကြောင့်သတိလစ်၊ ဆေးရုံပို့စဉ် လမ်းခုလပ်၌ သေဆုံး
DVB
·
May 10, 2020
ကချင်ပြည်နယ်၊ မိုးညှင်းအကျဉ်းထောင်ကနေ အကျဉ်းသားတဦးကို မိုးညှင်းပြည်သူ့ဆေးရုံ ပို့ဆောင်စဉ် လမ်းခုလပ်မှာ သေဆုံးတယ်လို့ မိုးညှင်းမြို့မရဲစခန်းက သိရပါတယ်။
သေဆုံးသူမှာ အကျဉ်းသား အောင်ထွန်းဖြစ်ပြီး မိုးညှင်းအကျဉ်းထောင်မှာ ပြစ်ဒဏ် ကျခံနေစဉ် အတက်ရောဂါကြောင့် ရုတ်တရက် သတိလစ်သွားလို့ မေ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ချိန် မိုးညှင်းအကျဉ်းထောင်ကနေ မိုးညှင်းပြည်သူ့ဆေးရုံကို ပို့ဆောင်စဉ် ညောင်ကိုင်းကျေးရွာအရောက် ၃ နာရီ မိနစ် ၂၀ မိနစ်မှာ အဲဒီရောဂါနဲ့ သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
အကျဉ်းသားသေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ် မဟုတ် စစ်ဆေးနိုင်ဖို့ မိုးညှင်းမြို့မစခန်းမှူး ဒုရဲမှူး ဝင်းအောင်ကျော်က တရားလိုပြုလုပ် တိုင်ကြားပြီး သေမှုသေခင်းအမှတ်စဉ် ၈/၂၀၂၀ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း - ခင်သန်းညွန့်