လူနာအမှတ် ၁၄၄ ကို ဒုတိယအကြိမ်စစ်ဆေးချက်အရ ပိုးမတွေ့၊ ၁၄ ရက်ထပ်မံစောင့်ကြည့်မည်
DVB
·
May 10, 2020
ကချင်ပြည်နယ် မိုးညှင်းမြို့ ဆေးရုံကြီးက COVID-19 လူနာအမှတ်စဉ် ၁၄၄ အမျိုးသားအား ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ စစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရဘူးလို့ မြစ်ကြီးနားဆေးရုံအုပ်ကြီးက ပြောပါတယ်။
"၂ ကြိမ်စစ်ဆေးပြီး ပိုးမတွေ့လို့ ပိုးကင်းစင်ပြီလို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ မိုးညှင်းနေအိမ်ပြန်မပို့သေးဘူး၊ မြစ်ကြီးနားမှာပဲ ၁၄ ရက် Quarantine ဆက်နေရမယ်။ ၁၄ ရက်အတွင်း သူ့ကျန်းမာရေးကို စောင့်ကြည့်မယ်။ ၁၄ ရက်ပြည့်ရင် သမားတော်ကြီးနဲ့ပြန်လည်စစ်ဆေးမယ်။ ကောင်းပြီ၊ စိတ်ချရပြီဆိုမှ မိုးညှင်းပြန်လို့ ရမှာပါ။”
လူနာ ၁၄၄ ဟာ ရန်ကုန်လှိုင်သာယာ ချန်းရီဖိနပ်စက်ရုံ စက်ပြင်ဌာနမှာ တရုတ်စကားပြန်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ကချင်ပြည်နယ်မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာဖြစ်ပါတယ်။
သတင်း - မုန်းမုန်းမင်