မက္ကဆီကိုတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မေ ၈ ရက်နေ့က ၁၉၉ ဦး သေဆုံး

719
မက္ကဆီကိုနိုင်ငံမှာ မေလ ၈ ရက်နေ့ တနေ့တည်းမှာ သေဆုံးသူ ၁၉၉ ဦးရှိပြီး အတည်ပြုလူနာသစ် ၁,၉၀၆ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
စာရင်းအရ အတည်ပြုလူနာဦးရေ ၃၁,၅၂၂ ဦးနဲ့ သေဆုံးသူ ၃,၁၆၀ ဦး ဖြစ်နေပြီလို့ မက္ကဆီကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကူးစက်ခံရတဲ့ လူနာဦးရေနဲ့ သေဆုံးသူဦးရေဟာ တရားဝင်ထုတ်ပြန်ထားတဲ့ အရေအတွက်ထက်လည်း ပိုများနိုင်တယ်လို့ အစိုးရက ပြောထားပါတယ်။
မက္ကဆီကိုမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းဟာ ကမ္ဘာလုံးဆိုင်ရာအဆင့်ထက် ပိုမြင့်မားနေပါတယ်။
မက္ကဆီကို ကျန်းမာရေးဝန်ကြီးဌာနကတော့ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ ဒီတပတ်ထဲ အမြင့်ဆုံးရောက်ခဲ့တယ်လို့ တွက်ချက်ထားပါတယ်။
မက္ကဆီကို အစိုးရဟာ တနိုင်ငံလုံး လော့ဒေါင်းချထားမှုကို လာမယ့် မေ ၃၀ အထိ ထပ်မံ တိုးမြှင့်ထားပါတယ်။