COVID-19 ကာကွယ်ရေး မြန်အောင်မြို့ထဲ သွားလာနေသည့် ကားများကို စစ်ဆေး
DVB
·
May 9, 2020
ဧရာဝတီတိုင်း မြန်အောင်မြို့မှာ မေ ၈ ရက်နေ့ကစပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မြို့ထဲမှာသွားလာနေတဲ့ ကားတွေကို အုပ်ချုပ်ရေး၊ ရဲနဲ့ မီးသတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ အဖွဲ့တွေက စစ်ဆေးနေပါတယ်။
အခုလိုကားတွေကို စစ်ဆေးတာဟာ ပြည်တွင်း ပြည်ပနေ အလုပ်သမားတွေဟာ ယာဉ်လိုင်းတွေ ပိတ်ထားတာကြောင့် ကိုယ်ပိုင်အိမ်စီးကားတွေနဲ့ ပြန်ဝင်လာတာကြောင့် အခုလို စစ်ဆေးနေတာပါ။
မေ ၇ ရက်နေ့အထိ COVID-19 စောင့်ကြည့်ခံရသူ ၁၈၉ ဦးအထိရှိလာပြီ ဖြစ်ပါတယ်။ ဒီစောင့်ကြည့်ခံရသူတွေဟာ တရုတ်နိုင်ငံ၊ အခြားနိုင်ငံတွေနဲ့ ပြည်တွင်းမြို့နယ်တွေက ပြန်လာသူတွေ ဖြစ်ပါတယ်။
ဒီစောင့်ကြည့်ခံနေရသူတွေရဲ့ စားစရာတွေကိုတော့ ဒေသခံအလှူရှင်တွေရဲ့ ကူညီတာတွေနဲ့သာ ရပ်တည်နေကြရပါတယ်။
မြန်အောင်မြို့နယ်ထဲမှာ စောင့်ကြည့်ရေးစခန်းတွေကို နယ်မြေအလိုက် အ.ထ.က၊ အ.လ.က ကျောင်းတွေမှာ စောင့်ကြည့်စခန်း ၂၀ ဖွင့်လှစ်ထားတာဖြစ်ပြီး မြန်အောင်မြို့နယ်ထဲက မြန်အောင်၊ ကနောင်၊ ရွေကျင်၊ သပြေကုန်း၊ တာဂွတဲကြီးကုန်း စတဲ့ နေရာတွေမှာ ဖွင့်လှစ်ထားပါတယ်။