ဟောင်ကောင်လွှတ်တော်တွင် တရုတ်အစိုးရ ထောက်ခံသူများနှင့် ဒီမိုကရက်များ ခိုက်ရန်ဖြစ်

ဟောင်ကောင်လွှတ်တော်အတွင်း အရေးပါတဲ့ ကော်မတီဥက္ကဋ္ဌ တင်မြောက်ရေးနဲ့ ပတ်သက်လို့   မေ ၈  ရက်က တရုတ်အစိုးရ ထောက်ခံသူတွေနဲ့ ဒီမိုကရက်တွေအကြား ခိုက်ရန် ဖြစ်ပွားခဲ့ပါတယ်။   ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ လျော့ပါးလာတဲ့  ဟောင်ကောင်မှာ  နိုင်ငံရေး တင်းမာမှုတွေ အသစ်တဖန် ပြန်ပေါ်လာတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။   လွှတ်တော်ကောင်စီ အစည်းအဝေးမှာ အမတ်တွေက တယောက်ကို တယောက် အော်ဟစ် တွန်းထိုးခဲ့ကြပါတယ်‌။ အစည်းအဝေးမှာ သဘာပတိလုပ်ဖို့ ကြိုးပမ်းတဲ့ တရုတ်အစိုးရဘက်တော်သား လွှတ်တော်အမတ်ကို ဒီမိုကရက်တွေက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ဆိုပြီး နှင်ထုတ်ဖို့  ကြိုးစားတာပါ။   ကော်မတီအစည်းဝေးမှာ တရုတ်အစိုးရ ထောက်ခံတဲ့ စတာရီလီက ဥက္ကဋ္ဌ နေရာယူဖို့ ကြိုးပမ်းတာကို ဒီမိုကရက်တွေက အော်ဟစ်ကန့်ကွက်ခဲ့ပါတယ်။ အဲဒီနောက် လုံခြုံရေးတွေက ဒီမိုကရက် အများအပြားကို လွှတ်တော်ခန်းမထဲကနေ ခေါ်သွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up