လန်ဒန် အထင်ကရ နေရာများ၌ မြင်တွေ့ခဲ့ရသည့် စူပါမွန်း ဖြစ်စဉ်









621
၂၀၂၀ ပြည့်နှစ်ရဲ့ နောက်ဆုံး စူပါမွန်း ဖြစ်စဉ်ကို တခြားကမ္ဘာ့နိုင်ငံတွေနည်းတူ မေ ၇ ရက်က လန်ဒန်မြို့ အထင်ကရ နေရာတွေကလည်း မြင်တွေ့ရပါတယ်။
လန်ဒန်မြို့ရဲ့ စူပါမွန်းဖြစ်စဉ်ကို မျှော်စင်တံတားကနေ London Eye လို့ခေါ်တဲ့ ချားရဟတ်ကြီးအထိ တွေ့မြင်ရပါတယ်။
စူပါမွန်း ဖြစ်စဉ်ဆိုတာက လပတ်လမ်းကြောင်းက ကမ္ဘာမြေနဲ့ အနီးဆုံးနေရာဖြစ်တဲ့အခါ လကို ခါတိုင်းထက် ပိုပြီး ကြီးမားစွာတွေ့ရတာပဲ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ နောက်ဆုံး စူပါမွန်း ဖြစ်စဉ်ဟာ နွေဦးကာလ ပန်းတွေပွင့်ချိန် ဖြစ်ပေါ်တာမို့လည်း “ပန်းစန္ဒာ” ဆိုပြိး နာမည်ပေးထားတယ်လို့ တော်ဝင်ဂင်းနစ် နက္ခတ်စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
အခု စူပါမွန်းဟာ ဒီနှစ်အဖို့ တတိယအကြိမ်ဖြစ်ပြီး ဧပြီလအစောပိုင်းမှာ အကြီးမားဆုံး စူပါမွန်း ဖြစ်ပေါ်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။