Homeမြန်မာသတင်း
ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကို ခိုးဝင်လာသူ ၉ ဦးဖမ်းဆီးခံရပြီး အပူချိန်မြင့်နေသဖြင့် မဲဆောက် ဆေးရုံသို့ ပို့ဆောင်
ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကို ခိုးဝင်လာသူ ၉ ဦးဖမ်းဆီးခံရပြီး အပူချိန်မြင့်နေသဖြင့် မဲဆောက် ဆေးရုံသို့ ပို့ဆောင်
DVB
·
May 8, 2020
ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို တရားမဝင် ခိုးဝင်လာသူ ၉ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့ပြီး ကိုယ်အပူချိန် ၄၀ ဒီဂရီကျော်နေတဲ့အတွက် မဲဆောက်ဆေးရုံကို ပို့ဆောင်ကာ ကျန်းမာရေး စစ်ဆေးနေပါတယ်။
ထိုင်းနိုင်ငံထဲကို ခိုးဝင်လာသူတွေဟာ မဲဆောက်မြို့က မွတ်စလင်တန်းလျားတခုမှာ လူစုပြီးခိုလှုံနေကြောင်း သတင်းရရှိတဲ့အတွက် မေလ ၇ ရက်နေ့မှာ ထိုင်းစစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေက ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေရာမှာ အသက် ၁၅ နှစ်မှ ၁၈ နှစ်အရွယ်ရှိ အမျိုးသား ၉ ယောက်ကို ဖမ်းမိခဲ့တာပါ။
အဆိုပါ အမျိုးသား ၉ ဦးဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်က ထွက်လာပြီး ရန်ကုန်မြို့မှာ ၁ လကြာနေထိုင်ပြီးမှ မြဝတီမြို့ကိုထွက်လာခဲ့ကြတာပါ။
မြဝတီမြို့မှာ ၂ လ ကြာနေထိုင်ပြီးမှ မဲဆောက်မြို့ကို ခိုးဝင်လာတာဖြစ်ပြီး ထိုင်းရဲတွေ မဖမ်းမိခဲ့ဘူးဆိုရင် မလေးရှားနိုင်ငံကို သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့ ဖမ်းဆီးခံရသူတွေက မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေကြားပါတယ်။
သူတို့ခိုးဝင်လာတဲ့အချိန်ဟာ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်မှာ COVID-19 ကပ်ရောဂါ ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေချိန်ဖြစ်ပါတယ်။
ဖိုးစီ