ဂျာမနီနိုင်ငံတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရ

ဓာတ်ပုံ-ရိုက်တာ
755
ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ဒမ်းစတက်မြို့မှာ မေ ၇ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး လူ ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
မိသားစုနှစ်စုကြား အချင်းများရာကနေ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
ညနေ ၅ နာရီဝန်းကျင်မှာ မျက်မြင်တွေက ရဲတပ်ဖွဲ့ကို ဖုန်းဆက်ပြီး ခရန်းနစ်စတိုင်း ခရိုင်မှာ သေနတ်ပစ်ခတ်မှု ဖြစ်တယ်လို့ အကြောင်းကြားခဲ့ကြောင်း၊ အဲဒီနောက် သေနတ်ဒဏ်ရာနဲ့ လူ ၃ ယောက်ကို ဆေးရုံခေါ်သွားခဲ့ပြီး ၂ ယောက်ဟာ စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
ရဲတပ်ဖွဲ့က လူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပေမယ့် ပြစ်မှုမှာ သူတို့အမှန်တကယ် ပါဝင်လားဆိုတာ မသဲကွဲသေးဘူးဆိုပြီး ရဲတပ်ဖွဲ့က တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။