အစ္စရေးတရားရုံးချုပ်က နေတန်ယာဟုကို အစိုးရဖွဲ့ခွင့်ပြု

ဓာတ်ပုံ-ရိုက်တာ
1.7K
အကျင့်ပျက်ခြစားမှု စွဲချက်တွေ ရှိနေပေမယ့် နေတန်ယာဟုကို အစ္စရေးတရားရုံးချုပ်က မေလ ၆ ရက်မှာ အစိုးရဖွဲ့ခွင့်ပြုလိုက်ပါတယ်။
ရွေးကောက်ပွဲပြိုင်ဘက် ဘင်နီဂတ်ဇ်နဲ့ နေတန်ယာဟုရဲ့ ညွန့်ပေါင်းအစိုးရ သဘောတူညီမှု ယူခဲ့တာက ဥပဒေကို မချိုးဖောက်ဘူးဆိုပြိး တရားရုံးချုပ်က အတိုက်အခံတွေရဲ့ အသနားခံလွှာကို ဆန့်ကျင်ဆုံးဖြတ်ခဲ့ပါတယ်။
ညွန့်ပေါင်းအစိုးရက နေတန်ဉာဟုကို အကျင့်ပျက်ခြစားမှု ရုံးတင်စစ်ဆေးမခံရအောင် တရားမဝင် ကာကွယ်ပေးတယ်ဆိုတဲ့ လျှောက်လဲချက်တွေကို တရားရုံးချုပ်က ပလပ်ခဲ့ပါတယ်။
တရားရုံးချုပ် ဆုံးဖြတ်ချက်က လာမယ့်သီတင်းပတ်မှာ ကျမ်းသစ္စာဆိုကြမယ့် ညွန့်ပေါင်း အစိုးရအတွက် ဥပဒေပိုင်း အတားအဆီးကို ဖယ်ရှားပစ်လိုက်တာပါ။
ဒီဆုံးဖြတ်ချက်က ကိုရိုနာဗိုင်းရပ်စ် ပြဿနာ၊ စီးပွားရေးအကျပ်အတည်းနဲ့ ရုန်းကန်နေရတဲ့ အစ္စရေးနိုင်ငံရေး နောက်မဆုတ်သာ အခြေအနေကိုလည်း ပြီးဆုံးသွားစေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှု ဖောက်ဖျက်မှု စတဲ့ စွဲချက်တွေနဲ့ စွဲချက်တင်ခဲ့ပြီး နေတန်ယာဟုကတော့ စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။