အသက်ရှူစက်များ အင်ဒိုနီးရှားအင်ဂျင်နီယာများ တီထွင်၊ ဈေးနှုန်းသက်သာစွာ ရောင်းမည်

ဓာတ်ပုံ-ရိုက်တာ
အများပြည်သူ တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ပဲရနိုင်တဲ့ အသက်ရှူစက် ventilator တွေကို အင်ဒီုနီးရှား အင်ဂျင်နီယာတွေက တီထွင်လိုက်ပါတယ်။  အင်ဒိုနီးရှားဟာ အခြားနိုင်ငံတွေလိုပဲ ကိုဗစ်-၁၉ ကူးစက်ခံ လူနာတွေကို ကုသပေးဖို့ အသက်ရှူစက်တွေ လိုအပ်နေပါတယ်။  အိမ်သုံး ပလတ်စတစ်ပစ္စည်းတွေကိုပဲ အသုံးပြုထုတ်လုပ်ထားတဲ့ ဒီအသက်ရှူစက်ကို လူငယ်အင်ဂျင်နီယာ အယောက် ၄၀ လောက်က စုပေါင်းဖန်တီးခဲ့တာပါ။  ဘန်ဒေါင်းနည်းပညာ အင်စတီကျုက ဒီလူငယ်သုတေသီတွေရဲ့ ခေါင်းဆောင် ဟီဒါယတ်ကတော့ ဒီအသက်ရှူစက်တွေဟာ တခြားစက်တွေထက် တည်ဆောက်ပုံ ရိုးရှင်းလွယ်ကူတယ်လို့ ပြောပါတယ်။  ဒီစက်တွေကို တလုံးကို အမေရိကန်ဒေါ်လာ တထောင်ထက် နည်းတဲ့ ဈေးနဲ့ရောင်းဖို့ ဘန်ဒေါင်း နည်းပညာ တက္ကသိုလ်က ရည်မှန်းထားပါတယ်။ ဒါဟာ လက်ရှိ အသက်ရှူအားကူစက် ဈေးနှုန်းရဲ့ ၁၂ ပုံ ၁ ပုံသာ ရှိတယ်လို့ သူက ပြောပါတယ်။ အင်ဒိုနီးရှားဟာ မေ ၈ ရက်နေ့ မနက်ပိုင်းအထိ အတည်ပြု လူနာဦးရေ ၁၂၀၀၀ ကျော်၊ သေဆုံးသူ ၉၃၀ ရှိပြီဖြစ်ပြီး ဆေးရုံတွေမှာ အသက်ရှူအားကူစက်စက် ဗန်တီလေတာတွေ ၈၄၁၃ လုံး ရှိတယ်ဆိုပါတယ်။  ဒါပေမယ့် လူဦးရေ သန်း ၂၆၀ ရှိတဲ့ နိုင်ငံမှာ လူနာ ၁ သိန်း ၈ သောင်းစာ အထူးကြပ်မတ် ကုသဆောင်တွေကို ပြင်ဆင်ထားပါတယ်။  အသက်ရှူအားကူးစက်တေါကို ပထမအသုတ်မှာ စက်လုံးရေ ၆၀၀ နဲ့ ၇၀၀ ကြား ထုတ်လုပ်မှာ ဖြစ်ပြီး မရောင်းဘဲ လှူဒါန်းသွားမယ်လို့ သုတေသီအဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up