ကစားသမား ၅ ဦးအထိ လူစားလဲခွင့်ပေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် စီစဉ်

ဓာတ်ပုံ-ရိုက်တာ
692
လိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်တဲ့အချိန်မှာ ၅ ဦးအထိ လူစားလဲခွင့်ပြုဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က စီစဉ်နေပါတယ်။
ဥရောပလိဂ်ပြိုင်ပွဲတွေကို လာမယ့်ဇွန်လဆန်းမှာ ပြန်လည်စတင်နိုင်ဖို့အတွက် စီစဉ်နေတာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဘက်ကတော့ လိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ လူစားလဲမှု အရေအတွက်ကို ပုံမှန်အသုံးပြုနေကျ ၃ ဦးထက်ပိုပြီး ၅ ဦးအထိ ခွင့်ပြုသွားဖို့ ရှိနေတာပါ။
လိဂ်ပွဲစဉ်တွေကို ရာသီဥတုပူပြင်းတဲ့ နွေရာသီမှာ ကျင်းပတာဖြစ်တဲ့အပြင် ပွဲစဉ်တွေကိုလည်း ခပ်စိတ်စိတ် ကျင်းပဖို့ စီစဉ်ထားတာပါ။
ဒါကြောင့် ကစားသမားတွေအတွက် ဒဏ်ရာနဲ့ ပွဲပန်းတာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ၅ ဦးအထိ လူစားလဲခွင့်ပြုသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။
အီတလီဒိုင်ချုပ် နီကိုလာရစ်ဇိုလီကလည်း ဖီဖာရဲ့စီစဉ်မှုနဲ့ ပတ်သက်ပြီး စီစဉ်နေကြောင်း အတည်ပြုခဲ့ပြီး VAR အခန်းတွင်းမှာ တာဝန်ယူမယ့် ဒိုင် ၃ ဦးကိုလည်း အကာအကွယ်ပစ္စည်းတွေနဲ့ လုပ်ဆောင်စေမယ်လို့ သိရပါတယ်။
တခြားစည်းကမ်းတွေအဖြစ် ကစားသမားတွေအနေနဲ့ အသင်းလိုက်အောင်ပွဲခံတာတွေ၊ တံ တွေး ထွေးတာတွေနဲ့ ဂျာစီချင်းလဲလှယ်တာတွေကိုလည်း ကန့်သတ်သွားမယ်လို့ သိရပါတယ်။