A d v e r t i s e m e n t With Us

မန်ယူက ဘာစီလိုနာလူငယ်နောက်ခံလူ ဂျူရာဒိုကို ခေါ်ယူရန် အကြိုသဘောတူညီမှုရရှိ

ဓာတ်ပုံ-မာ့ဂျူရာဒိုအင်စတာဂရမ်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာလူငယ်နောက်ခံလူ မာ့ဂျူရာဒိုကို ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။  စပိန်သတင်းစာ ဒိုင်ယာရီယိုစပေါ့ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ အကယ်ဒမီထွက် နောက်ခံလူ ဂျူရာဒိုဟာ အသင်းဘက်က ကမ်းလှမ်းချက်ကို ပယ်ချပြီး ယူနိုက်တက်အသင်းကိုပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာလို့ ဆိုပါတယ်။  ပြီးခဲ့တဲ့လကမှ အသက် ၁၆ နှစ်ပြည့်ခဲ့တဲ့ စပိန်လူငယ်နောက်ခံလူ ဂျူရာဒိုဟာ ဘာစီလိုနာယူ ၁၇ အသင်းမှာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။  ဂျူရာဒိုဟာ သူ့အသက် ၇ နှစ်အရွယ်ကတည်းက ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ညာနောက်ခံနေရာအပြင် တခြားခံစစ်နေရာတွေမှာလည်း ကစားနိုင်တယ်လို့ သိရပါတယ်။  မန်ယူအသင်းဟာ ဘာစီလိုနာအကယ်ဒမီထွက် ကစားသမားတဦးဖြစ်သူ ပီကေးကိုလည်း ၂၀၀၄ ခုနှစ်က ခေါ်ယူခဲ့ဖူးပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up