ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထားရသည့် စပိန်လာလီဂါ ဘောလုံးပွဲစဉ်များ ဇွန် ၂၀ ပြန်စမည်

ဓာတ်ပုံ-ရိုက်တာ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ နာမည်ကြီး ဘောလုံးကလပ်အသင်း ပြိုင်ပွဲတွေထဲက တခုဖြစ်တဲ့ စပိန်လာလီဂါ ဘောလုံးပွဲစဉ်တွေကို လာမယ့် ဇွန်လ ၂၀ ရက်နေ ပြန်လည်စတင်ကျင်းပမယ်လို့ လီဂိန်းစ်နည်းပြ Javier Aguirre က ပြောပါတယ်။ “ကျနော်တို့ လိဂ်ကစားပွဲတွေကို လာမယ့် ဇွန် ၂၀ ရက်နေ့ ပြန်စတော့မှာဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ တရားဝင်ပြီးဆုံးမှာ ဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ပွဲစဉ်တွေ ရှိမှာဖြစ်ပြီး ၁၁ ပွဲ ကစားရမှာ ဖြစ်ပါတယ်” လို့ သူက မက္ကဆီကန်ဝက်ဘ်ဆိုက်ဒ်တခုဖြစ်တဲ့ Marca Claro ကို ပြောလိုက်တာပါ။ “လာလီဂါအနေနဲ့ ဒါကို တရားဝင်ထုတ်ပြန်လိုက်ဖို့ ကျနော့်ကို ပြောခဲ့တာ ဖြစ်ပါတယ်။ ခု ကျနော်တို့အနေနဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်သွားဖို့ အချိန်ဇယားတွေ ပြင်ဆင်နေကြပြီး ဝမ်းသာနေကြပါတယ်။” လာလီဂါ တာဝန်ရှိသူတွေဘက်ကတော့ လတ်တလောအချိန်ထိ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာ မပေးသေးဘူးလို့  သတင်းက ဆိုပါတယ်။ စပိန်နိုင်ငံမှာ ကျင်းပနေတဲ့ အဓိက မေဂျာကလပ်ပွဲစဉ်တွေ အပါအဝင် ဘောလုံး ကလပ်ပွဲစဉ်တွေကိုတော့ ပြီးခဲ့တဲ့ မတ်လကတည်းက ရပ်ဆိုင်းထားခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up