ဓာတ်ခွဲနမူနာ ၆၂ ခုတွင် COVID-19 ရောဂါပိုးမတွေ့
DVB
·
May 8, 2020
မေ ၇ ရက် ညပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယအသုတ်စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၆၂ ခုမှာ COVID-19 ရောဂါလူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီထုတ်ပြန်ပါတယ်။
မနေ့ည ၈ နာရီထုတ်ပြန်ချက်အရ ရန်ကုန်မြို့မှာ COVID-19 ရောဂါအတည်ပြုလူနာသစ် ၁၄ ဦး ထပ်မံစစ်ဆေးတွေ့ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၇၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၆၂ ဦး၊ ရောဂါပိုးကင်းစင်လာသူတွေထဲက ၃၇ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက် ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာတွေထဲက သေဆုံးသူ ၆ ဦး ရှိပါတယ်။