Home
မြန်မာသတင်း
ကွယ်ကဘောဆေးရုံတက်ခဲ့သည့် လူနာအပါအဝင် ၆ ဦးကို မြိုင်ကလေးဆေးရုံ၌ စောင့်ကြည့်
DVB
·
May 7, 2020
ရန်ကုန်၊ အင်းစိန်မြို့နယ် ကွယ်ကဘောဆေးရုံမှာ  ဆေးကုသမှုခံယူခဲ့တဲ့ အမှတ်(၂) ဘိလပ်မြေစက်ရုံက ဝန်ထမ်း ၁ ဦး၊ သူ့ရဲ့ဇနီးဖြစ်သူနဲ့ သွားရောက်ကြိုဆိုခဲ့တဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၆ ဦးကို  COVID-19 စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိတယ်လို့ မြိုင်ကလေးဆေးရုံ တာဝန်ခံဒေါက်တာ ညီညီခိုင်လင်းမောင်က ပြောပါတယ်။ COVID-19 Positive လူနာ Case 152၊  153 နဲ့ 154 သူနာပြုဆရာမ ၃ ဦး အလုပ်လုပ်ကိုင်နေတဲ့ အင်းစိန်မြို့နယ် ကွယ်ကဘောဆေးရုံမှာ ဘိလပ်မြေစက်ရုံ ဝန်ထမ်းဟာ လေဖြန်းရောဂါနဲ့ မေ ၁၉ ရက်မှ  ၂၄ ရက်အထိ ဆေးကုသမှုခံယူခဲ့သလို ဇနီးဖြစ်သူက လူနာစောင့်အဖြစ် အတူရှိနေခဲ့တာပါ။ မြိုင်ကလေးဆေးရုံက လက်ထောက်ဆရာဝန် ဒေါက်တာညီညီခိုင်လင်းမောင် က “ပိုးတွေရှိထားတဲ့ သူနာပြုဆရာမ ၃ ဦးရဲ့ ကွယ်ကဘောဆေးရုံမှာ သူတို့တွေက ၂၆ ရက်နေ့အထိ ဂျုတီဆင်းခဲ့တယ်ဆိုတော့ Contacts ကရှိနေနိုင်တယ်။ ကွယ်ကဘောဆေးရုံကို ဖုန်းဆက်ကြည့်လိုက်တော့ သူတို့က အဲဒီအတိုင်းအတည်ပြုတယ်”လို့ပြောပါတယ်။ အဆိုပါစက်ရုံဝန်ထမ်း ဆေးရုံဆင်းတဲ့နေ့မှာ အရေးပေါ်လူနာတင်ယာဉ်နဲ့ သွားရောက်ကြိုဆိုခဲ့တဲ့အဖွဲ့ဝင် ၄ ဦးလုံး‌ Quaratine ၂၁ ရက် စောင့်ကြည့်ခံယူခဲ့ရတယ်လို့ ပေးဆပ်သူလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ကိုနေလင်းအောင်က ပြောပါတယ်။ စောင့်ကြည့်ခံရတဲ့ စက်ရုံဝန်ထမ်းနေထိုင်တဲ့ ၁၀ ခန်းတွဲ ၂ ထပ်လိုင်းခန်းမှာနေထိုင်တဲ့ စက်ရုံဝန်ထမ်းမိသားစုဝင်တွေကိုပါ ဆေးစစ်ချက်အဖြေမရမချင်း မိမိတို့နေအိမ်တိုက်ခန်းတွေမှာ Stay Home နေထိုင်သွားရမှာ ဖြစ်ပါတယ်။ ဘားအံမြို့နယ်၊ အမှတ်(၂) ဘိလပ်မြေစက်ရုံ(တန် ၄၀၀၀) စက်ရုံနယ်မြေ မြတ်ရတနာဓမ္မာရုံမှာ စောင့်ကြည့်လူနာတွေကို မေ ၅ ရက်ကစတင်ပြီး Quaratine ၂၁ ရက် ထားရှိ ဆောင်ရွက်ခဲ့သလို ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို ဓာတ်ခွဲနမူနာတွေ ပေးပို့တာ ဖြစ်ပါတယ်။ အဆိုပါစောင့်ကြည့်လူနာ ၆ ဦးလုံးရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း မေ ၆ ရက်နေ့က ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို ပေးပို့ထားသလို ကျန်းမာရေးအခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ မြိုင်ကလေးဆေးရုံ တာဝန်ရှိသူကပြောပါတယ်။ ကရင်ပြည်နယ်အတွင်း မေ ၄ ရက်က စောင့်ကြည့်လူနာ ၄ ဦးရှိပြီး ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲ ဌာနက ပေးပို့တဲ့အဖြေအရ ၄ ဦးလုံး ရောဂါပိုးမတွေ့ရှိသလို့ ပြည်နယ်အတွင်းကူးစက်မြန် ရောဂါပိုးနဲ့ပတ်သက်ပြီး ဒီကနေ့အထိ ရောဂါပိုးတွေ့ရှိသူ မရှိသေးဘူးလို့သတင်းထုတ်ပြန်ထားပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024