A d v e r t i s e m e n t With Us

မန္တလေးတွင် မန်ကျည်းရွက်တက်ခူးသည့် အမျိုးသား ၁ ဦး ဓာတ်လိုက် သေဆုံး

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ မှိုင်းလုံ ဘုန်းကြီးကျောင်းအနီးက မန်ကျည်းပင်ပေါ်ကို မန်ကျည်းရွက်တက်ခူးရာက အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ အမှတ် ၂ နယ်မြေရဲစခန်းကနေ သိရပါတယ်။ သေဆုံးသူဟာ မန်ကျည်းပင်စောင့်ကျေးရွာက ကိုချစ်စန်းမောင်ဖြစ်ပြီး မေလ ၅ ရက် မနက် ၁၁ နာရီလောက်က  မှိုင်းလုံဘုန်းကြီးကျောင်းအနီးရှိ မန်ကျည်းပင်ပေါ်ကိုတက်ပြီး  အရွက်တက်ခူးစဉ် ဓာတ်ကြိုးနဲ့ထိနေတဲ့ မန်ကျည်းကိုင်းကို လှမ်းဆွဲရာက ဓာတ်လိုက်ကာ သစ်ပင်ပေါ်မှာပဲ သေဆုံးနေတာ ဖြစ်ပါတယ်။ သေဆုံးသူဟာ လက်နဲ့  ဒူးတွေမှာ ညိုမည်းအရာတွေ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။ အခုလို သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှတ် ၂ နယ်မြေရဲစခန်းမှာ ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးနေပါတယ်။ ထိန်ထိန်လင်း

A d v e r t i s e m e n t With Us

More News
Up