ကသာခရိုင်တွင် မိုးသက်လေပြင်းကြောင့် နေအိမ် ၃၀၀ ကျော် အမိုးလန်ပျက်စီး
DVB
·
May 7, 2020
စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာ မေ ၇ ရက်နေ့က မိုးသက်လေပြင်းကျရောက်တာကြောင့် လူန်အိမ်အလုံး ၃၀၀ အမိုးလန် ပျက်စီးခဲ့တယ်လို့ ကသာခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
မိုးသက်လေပြင်းကြောင့် ကသာမြို့မှာ လူနေအိမ် ၁၉၈ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ သာသနိကအဆောက်အဦ ၁ လုံး၊ ထီးချိုင့်မြို့နယ်မှာ လူနေအိမ် ၂၇ လုံး အခြား အဆောက်အဦ ၃ လုံး၊ အင်းတော်မြို့နယ်မှာ လူနေအိမ် ၅၁ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဌာနဆိုင်ရာရုံး ၁ လုံး၊ ဗန်းမောက်မြို့နယ်မှာ လူနေအိမ် ၉ လုံး၊ ဌာနဆိုင်ရာရုံး ၁ လုံး၊ ကောလင်းမြို့နယ်မှာ လူနေအိမ်အလုံး ၂၀ ၊ ဝန်းသိုမြို့နယ်မှာ လူနေအိမ် ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ပင်လည်ဘူးမြို့နယ်မှာ လူနေအိမ် ၈ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကသာခရိုင်ခရိုင်အတွင်း မေလ ၆ ရက်နေ့ကလည်း လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၃၂၄ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၆ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၅ လုံး၊ အခြားအဆောက်အဦ ၃ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကိုကိုလင်း (အင်းတော်)