ပီရူးနိုင်ငံတွင် အမေရိကန်ဒေါ်လာအတု ၁၅ သန်း သိမ်းဆည်းရမိ

ဓာတ်ပုံ-ရိုက်တာ
924
ပီရူးနိုင်ငံ လီမာမြို့တော်က အိမ်တအိမ်ကနေ သိမ်းဆည်းရမိတဲ့ အမေရိကန် ဒေါ်လာ ၁၅ သန်းဖိုးရှိ ငွေစက္ကူအတုတွေကို ပီရူးရဲတွေက မေ ၅ ရက်မှာ ခင်းကျင်းပြသခဲ့ပါတယ်။
ပီရူးနိုင်ငံ အတုတိုက်ဖျက်ရေးဌာန ရဲတပ်ဖွဲ့ အကြီးအကဲ ဟိုဆေးခရုဇ်က ရာဇဝတ်သားတွေဟာ ရောဂါခြေချုပ် ကန့်သတ်ချက်တွေကို အခွင့်ကောင်းယူခဲ့တယ်လို့ ပြောပါတယ်။
ရဲတွေဟာ အမေရိကန် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူတွေနဲ့အတူ ငွေပုံနှိပ်စက်တခုကိုပါ သိမ်းဆည်းရမိခဲ့တာပါ။
ပီရူးဟာ ဒေါ်လာငွေစက္ကူ အတုလုပ်တဲ့ ကမ္ဘာ့အဓိက နိုင်ငံတွေထဲက တနိုင်ငံလို့ ဒေသန္တရ ရဲတွေက ပြောထားပါတယ်။