Homeမြန်မာသတင်း
အိမ်စီးကားငှား ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးနှင့် ထိုင်းယာဉ်မောင်း အဖမ်းခံရ
အိမ်စီးကားငှား ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးနှင့် ထိုင်းယာဉ်မောင်း အဖမ်းခံရ
DVB
·
May 7, 2020
ထိုင်းနိုင်ငံ၊ နမ်းခေါစဝမ်မြို့ကနေ မဲဆောက်-မြဝတီမြို့နယ်စပ်ကို ပြန်လာတဲ့ မြန်မာရွှေ့ပြောင်း ၃ ဦးနဲ့ ထိုင်းယာဉ်မောင်း ၁ ဦးဟာ မေလ ၆ ရက်နေ့ ည ၉ နာရီလောက်က မဲဆောက်မြို့ စုပေါင်းစစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရပါတယ်။
မြန်မာ ၃ ဦးဟာ အိမ်စီးကားကို ငှားရမ်းလာတာဖြစ်ပီး တာခ်ရိုင် မဲဆောက်မြို့အဝင်ဂိတ်မှာ သတ်မှတ်ထားတဲ့ နယ်ကျော်ခွင့်နဲ့ ကျန်းမာရေးထောက်ခံစာတွေ မပါတဲ့အတွက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်း အလုပ်သမားတွဟာ နည်းပေါင်းမျိုးစုံ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ပြန်လာနေကြတာဖြစ်ပြီး အခုကာလအတွင်းမှာ သူတို့ဟာ ပထမဆုံး အဖမ်းခံရသူတွေဖြစ်ပါတယ်။
ထိုင်းဥပဒေအရ အိမ်စီးကားတွေဟာ အခကြေးငွေယူပြီး ခရီးသည် တင်ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဂိတ်ကိုလည်း ထိုင်းဘက်ခြမ်းက သွားလာခွင့်ပိတ်ထားပြီး တရားဝင် ပြန်ဖွင့်မဖွင့်ကို မေ ၁၅ ရက်နောက်ပိုင်းမှာ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံညှိနိုင်းပြီး ဝင်ထွက်ခွင့် ပြုထားပါတယ်။
အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ မေလကုန်မှ အလုပ်သမားတွေ ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။
ထိုင်းအစိုးရဘက်ကတော့ လာမယ့်ဇွန်လမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေကို ခေါ်ယူဖို့စဉ်းစားနေပြီး ရောဂါ ကူးစက်မှုမရှိအောင် ဘယ်လို ဆောင်ရွက်ကြမယ်ဆိုတာကိုလည်း ဆွေးနွေးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖိုးစီ