ကစားသမားများကို Social Distancing လုပ်ရန် ခက်ခဲဟု အာဆင်နယ်နည်းပြပြော

ဓာတ်ပုံ - ရိုက်တာ
Social Distancing နဲ့ ပတ်သက်ပြီး ကစားသမားတွေကို ပညာပေးမှုတွေ လုပ်ဆောင်ဖို့ ခက်ခဲတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောလိုက်ပါတယ်။ ပရီးမီးယားလိဂ်ကစားသမားတွေဟာ ၅ ဦး ၁ ဖွဲ့စီ ခွဲခြားပြီး လေ့ကျင့်ရေးကွင်းမှာ ခပ်ခွာခွာနေဖို့အတွက် Social Distancing စည်းမျဉ်းအတိုင်း လေ့ကျင့်ခန်းလုပ်ဖို့ သတ်မှတ်ထားတာပါ။  ဒါပေမယ့် ကစားသမားတွေဟာ Social Distancing နည်းလမ်းနဲ့ အသားမကျသေးတာ ကြောင့် ပြောရဆိုရတာ ခက်ခဲနေတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။  အခုချိန်မှာ အခက်ခဲဆုံးအရာက ကစားသမားတွေနဲ့ လေ့ကျင့်ရေးကွင်း မှာ ပါဝင်ပတ်သက်နေသူတွေကို တိုက်တွန်းနေရတာဖြစ်ပြီး ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ဆင်ခြင်ဖို့ လိုတယ်လို့ အာတီတာကပြောပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့ လူမူအဖွဲ့အစည်းတွေရဲ့ စီးပွားရေးအတွက် ဘောလုံးပြန်ကစားဖို့က တာဝန်တရပ်ဖြစ်တယ်လို့ နည်းပြအာတီက ပြောပါတယ်။  ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လာမယ့်မေလလယ်လောက်မှာ ကစားသမားအစုံအလင်နဲ့ လေ့ကျင့်နိုင်ဖို့ ပြင်ဆင်ထားပြီး ဇွန် ၁၂ ရက် ပြိုင်ပွဲစတင်နိုင်ဖို့ ပြင်ဆင်ထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up