လာမည့်စာသင်နှစ် မွန်စာကို ကျောင်းချိန်ပြင်ပတွင် စသင်မည်
DVB
·
April 22, 2013
လာမယ့် ၂၀၁၃-၁၄ စာသင်နှစ်ကစပြီး မွန်တိုင်းရင်းသားစာပေကို မွန်ပြည်နယ်အတွင်းက စာသင်ကျောင်းတွေမှာ ကျောင်းချိန်ပြင်ပ ဘာသာရပ်တခု အနေနဲ့ စသင်မယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ဒီဗွီဘီကို ပြောပါတယ်။
မွန်စာကို ကျောင်းချိန်ပြင်ပမှာ သင်ကြားဖို့ ပြည်ထောင်စုအစိုးရက ခွင့်ပြုထားပြီးဖြစ်သလို ပထမတန်းနဲ့ ဒုတိယတန်း မွန်စာပေ သင်ရိုးညွှန်းတမ်းတွေကိုလည်း ဗဟို အစိုးရဆီ ပို့ထားပြီးပြီလို့ ရှင်းပြပါတယ်။
မွန်စာပေကို ပုံမှန်စာသင်ချိန်အတွင်း သင်ကြားခွင့်ရဖို့ကိုတော့ ပြည်ထောင်စုအဆင့် လွှတ်တော်မှာ တင်သွင်း ဆုံးဖြတ်ပြီးတဲ့ အချိန်ကျမှသာ အကောင်အထည်ဖော်နိုင်မယ်လို့ ဆိုပါတယ်။