ဘုတ်အဖွဲ့ ဆုံးဖြတ်ချက်ကြောင့် အသင်းပြောင်းရွှေ့ခဲ့ရဟု ဟာရဲယား ပြော

ဓာတ်ပုံ - ရိုက်တာ
မန်ယူအသင်းမှာ ဆက်ကစားလိုပေမယ့် ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကြောင့် အသင်းပြောင်းရွှေ့ခဲ့လို့ ဟာရဲယားက ပြောပါတယ်။  အန်ဒါဟာရဲယားဟာ မန်ယူအသင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ခြေစွမ်းပြခဲ့ပါတယ်။  ဒါပေမယ့် စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့တာကြောင့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဆီကို  အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။   ဘုတ်အဖွဲ့ဝင်တွေကြားမှာ မတူညီတဲ့အမြင်တွေရှိခဲ့ပြီး သူ့ရဲ့ရည်မှန်းချက်က အသင်းမှာ ဆက်နေဖို့ဖြစ်တယ်လို့ ဟာရဲယားက ပြောပါတယ်။  တချို့ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့ပေမဲ့ အသင်းဘုတ်အဖွဲ့ဝင်တွေဟာ အသင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် လုပ်ဆောင်ခဲ့ကြတဲ့အတွက် လေးစားမှုအပြည့်ရှိတယ်လို့ ဟာရဲယားက ပြောပါတယ်။  စပိန်ကွင်းလယ်လူ ဟာရဲယားဟာ မန်ယူအသင်းမှာ ၅ နှစ်ကြာကစားခဲ့ပြီး စုစုပေါင်း ၁၈၉ ပွဲမှာ ဂိုး ၂၀ သွင်းယူပေးခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up