အင်္ဂလန်မြေကိုပြန်လာမည်ဟု ယူနိုက်တက်ပစ်မှတ် ဂျေဒန်ဆန်ချို အရိပ်အမြွက်ပြောဆို

ဓာတ်ပုံ - ရိုက်တာ
မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ဝေးတဲ့ ဂျာမနီမြေမှာ နေထိုင်နေရတာ အခက်အခဲရှိတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမား ဂျေဒန်ဆန်ချိုက ဝန်ခံပြောဆိုလိုက်ပါတယ်။  ဒီပြောစကားကြောင့် သူဟာ ပရီးမီးယားလိဂ်ကို မကြာခင်ရောက်ရှိလာတော့မယ်ဆိုတဲ့ ယူဆချက်တွေ ပိုမိုးအားကောင်းလာခဲ့ပါတယ်။  ဆန်ချိုဟာ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားရဲ့ ဦးစားပေး ပစ်မှတ်ကစားသမားတဦးဖြစ်ပြီး ယူနိုက်တက်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားပြီလို့ သတင်းထွက်ခဲ့ဖူးသူဖြစ်ပါတယ်။  ဆန်ချိုဟာ ဥရောပရဲ့ အထွန်းတောက်ဆုံးတိုက်စစ်ကစားသမားတွေထဲက တဦးဖြစ်နေပြီး  တော့ သူ့ရဲ့ပြောင်းရွေ့ကြေးဟာလည်း မြင့်မားနေနိုင်ပါတယ်။  ယူနိုက်တက်တာဝန်ရှိသူ အက်ဒ်ဝတ်ဝုဒ်ကတော့  ကော်ရိုနာဗိုင်းရပ်စ်ကြောင့် အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ငွေကြေးသုံးစွဲမှုကို စိစစ်နိုင်တယ်လို့ ပြောဆိုထားပေမယ့် ယူနိုက်တက်အသင်းဘက်ကတော့ သူ့ကို အရခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ အခုသီတင်းပတ်အတွင်း အင်္ဂလန်အသင်းရဲ့ official youtube ချန်နယ်ကနေ မီကာရစ်ချတ်၊ ရိစ်နယ်ဆင်တို့ရဲ့ စကားပြောဆိုခဲ့ပြီး သူ့ပြောစကားတွေမှာ အင်္ဂလန်မြေကို ပြန်လည်အခြေချဖို့ပြင်ဆင်နေကြောင်း ဝန်ခံခဲ့တယ်လို့ ယူဆရပါတယ်။  ဒေါ့မွန်က အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ကို မေးမြန်းခဲ့ရာမှာ ဆန်ချိုက မန်စီတီးအသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ဖြစ်ခဲ့ပုံတွေအပြင် “မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ အားလုံးရဲ့အဝေး ရေခြားမြေခြားမှာ ရှင်သန်ရတာက တကယ့်ကို ခြားနားတဲ့ အရာတခုပါပဲ၊ အဲ့ဒီအတွက် ပေးဆပ်မှုဟာလည်း တော်တော်လေးများပြားပါတယ်” လို့ ပြောပါတယ်။  ဆန်ချိုကို အရခေါ်ယူဖို့ ယူနိုက်တက်ကစားသမားဟောင်း ရီယိုဖာဒီနန်က အသင်းကို တိုက်တွန်းပြောဆိုထားပြီး ဆန်ချိုနဲ့ အင်္ဂလန်အသင်းဖော် မားကပ်ရပ်ဖို့ဒ်တို့ရဲ့ ပေါင်းစပ်မှုကြောင့် ယူနိုက်တက်အသင်းဟာ တားဆီးဖို့ ခက်ခဲတဲ့အသင်းတသင်း ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။  ဆန်ချိုဟာ ၂၀၁၇ ခုနှစ်မှာ မန်စီတီးအသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး အခုရာသီမှာလည်း ဒေါ့မွန်အသင်းအတွက် ၁၅ ဂိုးသွင်းယူကာ ၁၄ ဂိုးအထိ ဖန်တီးပေးထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up