မကွေးတိုင်းတွင် မိုးသက်လေပြင်းကျပြီး ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်များပျက်စီး 

မကွေးတိုင်း ၄ မြို့နယ်မှာ မေလ ၆ ရက်က မိုးသက်လေပြင်းကျရောက်ပြီး  နေအိမ် ၁၅၉ လုံး အမိုးလန်ကာ၊ ၇ လုံးပြိုကျပြီး ဘာသာရေးအဆောက်အုံ  ၅ လုံးပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။ မကွေးမြို့နယ်မှာ အမိုးလန်နေအိမ် ၆၀ လုံး ၊ ဆင်ပေါင်ဝဲမြို့နယ်မှာ အမိုးလန်နေအိမ် ၇၆ လုံး၊ ပြိုကျနေအိမ် ၇ လုံး၊ ဘာသာရေးအဆောက်ဦ ၅ လုံး၊ ဂန့်ဂေါမြို့နယ်မှာ အမိုးလန်နေအိမ် ၁၉ လုံး၊ သရက်မြို့နယ်မှာ အမိုးလန်နေအိမ် ၄ လုံး ပျက်စီးဆုံရှုံး့ခဲပါတယ်။ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက" မကွေးမြို့ပေါ်မှာတော့ သစ်ပင်တချို့နဲ့ ဓာတ်တိုင်တွေကျိုးကျခဲ့လို့ လျှပ်စစ်မီးတွေပြတ်တောက်နေပါတယ်။ လေဘေးသင့် ပြည်သူတွေကို မေလ ၇ ရက်နေ့မှာ ဆန်ရိက္ခာဖိုးငွေနဲ့ အိမ်ဆောက်ပစ္စည်း ဖိုးငွေတွေ ထောက်ပံ့ပေးသွားမှာဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒါအပြင် မေ ၁ ရက်မှ ၆ ရက် မနက်ပိုင်းအထိ မြိုင်၊ ပေါက်၊ တောင်တွင်းကြီး စတဲ့မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်ခဲ့လို့ အမိုးလန် နေအိမ် ၄၂ လုံး၊  ပြိုကျနေ အိမ် ၁ လုံးရှိပြီး လူဦးရေ ၂၆၀ ကျော် လေဘေးသင့်ခဲ့လို့ လေဘေးသင့်ပြည်သူတွေကို ဆန်ရိက္ခာဖိုးနဲ့ အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ်  ၃၂ သိန်းဖိုး ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း လေပြင်းတိုက်ခတ်မှု ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၇ လုံးပြိုကျကာ ၊ အိမ်ခြေ ၆၃၅ လုံး ဘာသာရေး အဆောက်အအုံ ၈ လုံး တစိတ်တပိုင်း  ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။ မင်းထီး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up