ဧပြီ ၂၁ ရက်နေ့ ညနေ ၄ နာရီကျော်က မန္တလေးမီးရထားဘူတာအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ အထက်တန်းအိပ်စင် ရထားတွဲအမှတ် BNUEZ 12665 မီးလောင်တာဖြစ်ပါတယ်။ ရပ်နားထားတဲ့တွဲတွေကြားမှာ လောင်တာဖြစ်ပြီး အချိန်မီတွဲတွေ ဖြုတ်ရွှေ့နိုင်တာကြောင့် တွဲတတွဲသာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
အရင်ရက်ကလည်း အထက်တန်းအိပ်စင်တွဲ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး တရက်ခြားမှာ ဒုတိယအကြိမ် ထပ်မံမီးလောင်မှု ဖြစ်ပွားတာ ဖြစ်ပါတယ်။
(သတင်းဓာတ်ပုံ - ချစ်ကို)
Read more