အစိုးရသစ်လက်ထက် မြန်မာနိုင်ငံအတွက် ဆဋ္ဌမမြောက် ပုဂ္ဂလိက သတင်းစာအဖြစ် Myanmar Newsweek နေ့စဉ်သတင်းစာကို သင်္ကြန်အပြီး ဧပြီလ ၂၀ ရက်နေ့က စတင်ထုတ်ဝေပါတယ်။

Myanmar Newsweek ဟာ အပတ်စဉ် သတင်းဂျာနယ် ထုတ်ဝေနေတဲ့ ဂျာနယ်တိုက်က ထုတ်ဝေတာဖြစ်ပြီး ပိုင်ရှင်ကတော့ ဒေါက်တာတင်အောင်ခိုင် ဖြစ်ပါတယ်။
စပြီး ထုတ်ဝေတဲ့ အဲဒီ သတင်းစာမှာ စာမျက်နှာ ၁၆ မျက်နှာပါဝင်ပြီး လမ်းဘေး ဂျာနယ်ဆိုင်တချို့က တစောင် ကျပ် ၂၀၀ နဲ့ ရောင်းချပါတယ်။ ဒါ့အပြင် ဧပြီ ၂၅ ရက်နေ့မှာ ဆဲဗင်းဒေး သတင်းစာ၊ မေလ ၁ ရက်နေ့မှာ ရန်ကုန်တိုင်းမ်၊ မေလ ၃ ရက်နေ့မှာ ဒေးလီး အလဲဗင်း၊ မေလ ၇ ရက်နေ့မှာ မက်ဆင်ဂျာ နေ့စဉ် စတဲ့ ပုဂ္ဂလိက သတင်းစာ ၄ စောင် ဆက်တိုက် ထုတ်ဝေလာဦးမယ်လို့ သက်ဆိုင်ရာ ဂျာနယ်တိုက်တွေက ကြေညာထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနဟာ ပုဂလိက နေ့စဉ် သတင်းစာ လျောက်ထားသူတွေအနက် ၁၆ ဦးကို ထုတ်ဝေခွင့်ပြုထားပြီး ဒီကနေ့အချိန်ထိ ၆ စောင် ထုတ်ဝေနေပြီဖြစ်ပါတယ်။