DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story မှုခင်း လူမှုရေး သတင်း

ပုသိမ်တွင် ၇ ရက်သား အရွယ်ကလေးငယ် ရုပ်ရှင်ရုံအနီးစွန့်ပစ်ခံရ

  • By DVB
  • 6 May 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ မင်းကြီးလမ်းနဲ့ မြေနုလမ်းဆုံရာ လမ်းထောင့်ရှိ ရွှေပြည်သာရုပ်ရှင်ရုံအနီးမှာ မေလ ၅ ရက်နေ့ မနက်အစောပိုင်းက ၇  ရက်သား အရွယ် ကလေးငယ်တစ်ဦး စွန့်ပစ်ခံခဲ့ရပါတယ်။

ရက်ပိုင်းအရွယ်သာရှိသေးတဲ့ ကလေးငယ်ကို ဆန်ခြင်းတောင်းထဲထည့်ပြီး ရုပ်ရှင်ရုံအနီး လာရောက်စွန့်ပစ်ခဲ့တာကို CCTV မှတ်တမ်းတွေအရ သိခဲ့ရပြီး ကလေးငယ်မှာ မိန်းကလေး ဖြစ်ကာ ရပ်ကွက်နေပြည်သူတွေစုပေါင်းပြီး တိုင်းလူမှုဝန်ထမ်းဦးစီးဌာနရုံးကိုလာရောက်အပ်နှံ တာကို လက်ခံထားတယ်လို့ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးက တာဝန်ရှိသူက ဒီဗွီဘီ ကိုပြောပါတယ်။

“ရပ်ကွက်ကလူတွေက လာအပ်နှံလို့ လက်ခံပေးထားပါတယ်။ ကလေးရဲ့ အသက်က ခန့်မှန်း ၇ ရက်လောက်ပဲရှိအုံးမယ်။ ဘာဖြစ်လိုလည်းဆိုတော့ ကလေးက ချက်မကြွေသေးလို့ ကလေး တွေကို စွန့်ပစ်တဲ့အခါ အရမ်းအန္တရာယ်ရှိတယ်”လို့ ပြောပါတယ်။

ကလေးငယ်ကို တိုင်းလူမှုဝန်ထမ်းဦးစီးရုံးက တာဝန်ရှိသူတွေက စစ်ဆေးချိန်မှာ ကလေးငယ် ကိုစွန့်ပစ်ခဲ့တဲ့ ဆန်ခြင်းတောင်းထဲတွင် ပုရွက်ဆိတ်တွေရှိနေလို့ အကိုက်ခံထားရတဲ့ အနာတွေ တွေ့ရသလို ခြင်ကိုက်ဖုတွေလည်း တွေ့တယ်လို့ ဆိုပါတယ်။

စွန့်ပစ်ခံရတဲ့ ကလေးငယ်ကို လူမှုဝန်ထမ်းဦးစီးဌာနက ပုသိမ်မြို့မှာရှိတဲ့ ကလေးပြုစုစောင့် ရှောက်ရေးဌာနမှာ ပြုစုစောင့်ရှောက်ဖို့အတွက် လက်ခံထားရှိပြီး ကလေးငယ်က ချက်မကြွေ သေးလို့ ဌာနက ကျန်းမာရေးဝန်ထမ်း ဆရာမတွေက ပြုစုစောင့်ရှောက်ထားပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ မေလအထိ မွေးကင်းစကလေးငယ်စွန့်ပစ်ခံရမှု ၈ ကြိမ်အထိ ရှိခဲ့ကြောင်း တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Tags: စွန့်ပစ်ခံရပုသိမ်ရုပ်ရှင်ရုံ၇ ရက်သားအရွယ်ကလေးငယ်

  • Previous story ကျောက်စိမ်းဈေးကွက် ပြန်ကောင်းလာရန် ၂ လလောက် စောင့်ရဦးမည်
  • Next story ဝက်လက်မြို့တွင် ညမထွက်ရအမိန့်ချိုးဖောက်သူ လူငယ် ၆ ဦးကို ထောင်ဒဏ် ၃ လစီချမှတ်
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်း အကူအညီလိုအပ်နေ (ဓာတ်ပုံ)

    • gallery

      ကမာအောင်စက်တပ်သမ္ဗာန်အဖွဲ့၏ စုကြေးငွေရှင်းတမ်း အမြန်ဖြေရှင်းပေးရန် ဆန္ဒပြ (ဓာတ်ပုံ)

    • gallery

      နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ သတိပေးအရုပ် စိုက်ထူ

    • gallery

      အိန္ဒိယက လက်ဆောင်ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာပြည်ရောက်ရှိ (ဓာတ်ပုံ) 

    • gallery

      ပန်းချီသိုးထိန်းရဲ့ Disillusionment တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 
    • 03 ရေးမြစ်ထဲသို့ ကား ၁ စီး ထိုးကျပြီး အမျိုးသား ၂ ဦး ရေနစ်သေဆုံး
    • 04 တပ်မတော်ထောက်ခံပွဲ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဟု ရှင်းလင်း
    • 05 မြန်မာနိုင်ငံ၏ ပထမဆုံးရှမ်းအမျိုးသမီးလေယာဉ်မှူး နန်းရွှန်းအိနှင့် မေးမြန်းချက်
    • 01 အင်ဒိုနီးရှားရှိ စေမေရူမီးတောင် ပေါက်ကွဲမှုကြောင့် မီးခိုးတိမ်တိုက်များလွင့်
    • 02 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 03 ရခိုင်နှင့်ဧရာဝတီကို ချိတ်ဆက်မည့် ၉၇ မိုင်ဝန်းကျင် မြေသားလမ်း စတင်
    • 04 ဝါရှင်တန်ဒီစီမြို့ကို အသွားအလာ ပိတ်ဆို့ကန့်သတ်
    • 05 မြန်မာနိုင်ငံတွင် ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်လာနိုင်ဟု ဝန်ကြီးပြော
    • 01 ကိုဗစ်-၁၉ လူနာသစ် ၅၀၇ ဦး၊ သေဆုံးသူ ၁၄ ဦးထပ်တိုး  
    • 02 တ၀မ်းတခါးအတွက် နေလောင်ဒဏ်ကို အန်တုသူများ
    • 03 ကျောက်ဆည်မြို့မရဲစခန်းတွင် အချုပ်တရားခံ ၁၄ ဦးနှင့် ရဲဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့
    • 04 ရုရှားအရှေ့ဖျားနှင့်ဆိုက်ဘေးရီးယားတွင် နာဗင်ညီလွှတ်ပေးရန်နှင့်ပူတင်နုတ်ထွက်ရန် ဆန္ဒပြ
    • 05 အမေရိကန်လွှတ်တော်လုံခြုံရေးအစောင့်တပ်ဖွဲ့ကို သမ္မတကတော် ကွတ်ကီးလက်ဆောင်ပေး
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.