လူလိုက်ပါခြင်းမရှိသည့် တိုက်လေယာဉ်ဆန်ဆန် ဒရုန်းယာဉ်များ ဘိုးရင်း ထုတ်လုပ်နိုင်

2.5K
လူလိုက်ပါခြင်း မရှိတဲ့ တိုက်လေယာဉ်ဆန်ဆန် ဒရုန်းယာဉ်အမြောက်အမြားကို ဘိုးရင်းက လာမယ့်ဆယ်စုနှစ်လယ်ပိုင်းမှာ ထုတ်လုပ်သွားဖွယ်ရှိတယ်လို့ ကုမ္ပဏီအမှုဆောင်တဦးက ပြောပါတယ်။
Loyal Wingman ဒရုန်းယာဉ် ၁၆ စင်းအထိကို လူလိုက်ပါတဲ့ လေယာဉ်နဲ့ တွဲဖက်ပြီး မစ်ရှင်တွေ စေလွှတ်ကာ ဒီနှစ်ကုန်ပိုင်းမှာ ပထမဆုံး ပျံသန်းဖို့ စီစဉ်ထားတယ်လို့ ဘိုးရင်း ပရိုဂရမ် ဒါရိုက်တာက ပြောပါတယ်။
Loyal Wingman ဒရုန်းယာဉ် အခန်းကဏ္ဍမှာ တိုက်ပွဲအတွင်း လက်နက်သယ်ဆောင်ပြီး E-7A Wedgetail ကြိုတင်သတိပေးစနစ်လို အရာတွေကို ကာကွယ်တာ၊ လေယာဉ်ထိန်းချုပ်တာနဲ့ လူလိုက်ပါတဲ့ ဖိုက်တာတိုက်လေယာဉ်တွေကို ကာကွယ်ဖို့ ပစ်မှတ်အနေနဲ့ အသုံးချခံတာတွေ ပါဝင်ပါတယ်။
ကမ္ဘာတဝန်း စစ်တပ်တွေက သူတို့ရဲ့ ရင်းမြစ်တွေကို ချဲ့ထွင်ဖို့ရာ ပိုမိုဈေးသက်သာပြီး ဘေးကင်းတဲ့ နည်းလမ်းကို ရှာဖွေနေတာမို့ ကာကွယ်ရေးပစ္စည်း ကန်ထရိုက်တာတွေဟာလည်း အလိုအလျောက် နည်းပညာပေါ်မှာ တိုးမြှင့်ရင်းနှီးမြှုပ်နှံနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။