အင်းစိန်တွင် လူထုကျန်းမာရေးစစ်တမ်း ကောက်မည်
ပြည့်ဘုန်းအောင်
·
May 5, 2020
လက်ရှိ မြန်မာနိုင်ငံမှာ COVID- 19 ရောဂါပိုး ကူးစက်ခံထားရတဲ့ လူဦးရေ အများဆုံးမြို့နယ်ဖြစ်တဲ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ကို မေလ ၆ ရက်က စပြီး လူထုကျန်းမာရေး စစ်တမ်းကောက်ယူမယ်လို့ သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
"ကျန်းမာရေး စစ်တမ်းဆိုတာကတော့ သက်ဆိုင်ရာ ရပ်ကွက်တွေထဲက ဘယ်သူက ချောင်းဆိုးနေသလဲ၊ ဖျားနေသလဲပေါ့အဲ့ဒါတွေကို အသေးစိတ် လိုက်လံကောက်ယူတဲ့သဘောပါ" လို့ ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။
COVID-19 ရောဂါပိုးဖြစ်ပွားနေတဲ့ ကာလအတွင်း လူထုကျန်းမာရေး စစ်တမ်းကောက်ယူမယ့် အစီအစဉ်ဟာ အင်းစိန်မြို့နယ်က ပထမဦးဆုံးအကြိမ် ပြုလုပ်မယ့် မြို့နယ်ဖြစ်ပြီး ရောဂါဖြစ်ပွားရာ ရပ်ကွက်တွေကို ဦးစားပေးဆောင်ရွက်သွားမှာပါ။
လက်ရှိ မြန်မာနိုင်ငံမှာ မေလ ၅ ရက်နေ့ထိ COVID-19 ပိုးတွေ့လူနာ ၁၆၁ ဦးတွေ့ရှိထားပြီး အင်းစိန်မြို့နယ်က ၂၉ ဦးတွေ့ရှိထားပါတယ်။
ဓာတ်ပုံ-ပြည့်ဘုန်းအောင်