အင်နီယေစတာဟာ စံပြကစားသမားတဦးဖြစ်ကြောင်း ဘရူနိုဖာနန်ဒက်စ် ပြော

900
ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာကို စံပြကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။
စပိန်နဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမားဟောင်း အင်နီယေစတာဟာ လက်ရှိအချိန်မှာ တော့ ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးအသင်းမှာ ကစားနေဆဲ ဖြစ်ပါတယ်။
အင်နီယာစတာဟာ သူ့ခေတ်သူ့အခါမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး ဘာကြောင့် အကောင်းဆုံးကစားသမားဆု မရခဲ့တာလဲဆိုတာ နားမလည်နိုင်ကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။
အင်နီယေစတာဟာ ဘောလုံးကို အမြဲတမ်း လက်ခံရယူကာ စွန့်စားမှုလုပ်ရတာကို သဘောကျသူဖြစ်ပြီး ကျောနံပါတ် ၈ နဲ့ ၁၀ အကြားမှာ ကစားတဲ့ သူ့ရဲ့ပုံစံအတိုင်း ကစားချင်တယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။
ဆက်လက်ပြီး ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ညိုနဲ့ ပေါ်တူဂီအသင်းဖော်တိုက်စစ်မှူး စီရော်နယ်ဒိုတို့ဟာလည်း အားကျအတုယူရတဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။