ချန်ပီယံမဖြစ်ခဲ့ပါက အလွန်နာကျင်ရလိမ့်မည်ဟု လီဗာပူးတိုက်စစ်မှူး အိုရီဂီ ပြော

အခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားသာ မရယူနိုင်ခဲ့ရင် အလွန်နာကျင်စရာကောင်းလိမ့်မယ်လို့ လီဗာပူးတိုက်စစ်မှူး အိုရီဂီက ပြောပါတယ်။  လီဗာပူးအသင်းဟာ ပွဲစဉ် ၂၉ အပြီးမှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၂၅ မှတ်အထိ ဖြတ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပြိုင်ပွဲဖျက်သိမ်းလိုက်ရပြီး ချန်ပီယံဆုဖလား မရယူနိုင်ခဲ့ရင်တော့ နာကျင်စရာကောင်းလိမ့်မယ်လို့ အိုရီဂီက ပြောပါတယ်။ ဒါပေမယ့်လည်း  ဘဝမှာထိန်းချုပ်လို့မရနိုင်တဲ့ ကိစ္စတွေ ရှိစမြဲဖြစ်ပြီး ကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှုက လက်ရှိအချိန်မှာ အရေးကြီးဆုံးဖြစ်တယ်လို့ အိုရီဂီကပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဆုဖလားရယူခဲ့စဉ်က အရေးပါတဲ့ ဂိုးတချို့သွင်းယူပေးခဲ့တဲ့ အိုရီဂီဟာ လစ်ဗာပူးနဲ့ ၂၀၂၄ ခုနှစ်အထိစာ ချုပ်ချုပ်ဆိုထားတာပါ။ အခုနှစ်ရာသီမှာစုစုပေါင်း ၃၆ ပွဲပါဝင်ကစားထားပေမယ့် ၁၀ ပွဲမှာပဲ ပွဲထွက်ကစာသမား စာရင်းမှာ ပါဝင်ခဲ့တာပါ။ လစ်ဗာပူးအသင်းဟာ ၁၉၈၉-၁၉၉၀ ဘောလုံးရာသီမှာ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း အမှတ်ပေးလိဂ် ချန်ပီယံဆုဖလားနဲ့ နှစ်ပေါင်း ၃၀ကြာ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up