Home
မြန်မာသတင်း
တပ်မတော်သား ၁ ဦးအပါအဝင် COVID-19 လူနာသစ် ၆ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ၁၆၁ ဦးအထိရှိလာ
DVB
·
May 4, 2020
တပ်မတော်သား ၁ ဦးအပါအဝင် COVID-19 ရောဂါအတည်ပြုလူနာသစ် ၆ ဦး ထပ်မံစစ်ဆေးတွေ့ရှိရပြီး နိုင်ငံတဝန်းမှာ အတည်ပြုလူနာ စုစုပေါင်း ၁၆၁ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။  အဆိုပါလူနာသစ် ၆ ဦးကတော့ နေပြည်တော် ဇေယျာသီရိမြို့နယ်က အသက် ၃၃ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ရန်ကုန် အင်းစိန်မြို့နယ်က အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၆၂ နှစ် အရွယ်အမျိုးသား ၁ ဦး၊ မြောက်ဒဂုံမြို့နယ်က အသက် အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ၁ဦး၊ မရမ်းကုန်းမြို့နယ်က အသက် ၂၀ အရွယ်အမျိုးသမီး ၁ ဦးတို့ ပါဝင်ပါတယ်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည် တစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့တဲ့အကြောင်းနဲ့ အဆိုပါ စစ်သည်ဟာ ဖျားနာ၊ လည်ချောင်းနာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေခံစားနေရလို့ နယ်မြေခံတပ်မတော်ဆေးရုံမှာ သီးခြားစောင့်ကြည့် ထားသူဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ညနေပိုင်း  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ ၁၅၂ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၁၉ ခု၊ စုစုပေါင်း ၂၇၁ ခုမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅ ဦးတွေ့ရပြီး နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) ဓာတ်ခွဲဌာနမှ  ၁ ဦး   စုစုပေါင်း လူနာသစ်  ၆ ဦးတွေ့ရှိခဲ့တာပါ။ မေလ ၄ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၆၁ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ပိုးမတွေ့ရှိတဲ့သူပေါင်း ၄၉ ဦး ရှိပြီလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ- MOHS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024