Home
မြန်မာသတင်း
ချောက်တွင် GAP စနစ်ဖြင့် မိုးနှမ်း သုံးဆတိုး စိုက်ပျိုး
DVB
·
May 4, 2020
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်း အခုနှစ် မိုးရာသီကာလမှာ GAP စနစ်နဲ့ မိုးနှမ်းစိုက်ဧက သုံးဆ တိုးမြှင့်စိုက်ပျိုးသွားမယ်လို့ ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပြောပါတယ်။ "GAP စနစ်နဲ့ သုံးဆတိုးပြီး စိုက်ပျိုးထုတ်လုပ်သွားမယ်။ ပြီးခဲ့တဲ့ နှစ်က နှမ်းဈေးက ကောင်းလိုက်တော့ မိုးနှမ်းစိုက်ဧက ပိုများတယ်။ တောင်သူတွေက နှမ်းမျိုးယူတာ ပိုများလာတယ်။ တောင်သူကလည်း ဒီနှစ် စိုက်ဧက ပိုများလာမယ်။ ဒီနှစ် မိုးရရခြင်း နှမ်းစတင်စိုက်ပျိုးတယ်" လို့ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အေးမြင့်မြတ်သင်းက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် မိုးရာသီမှာ ကျေးရွာ ၇ ရွာမှ တောင်သူ ၂၆၁ ဦးက GAP စနစ်နဲ့ မိုးနှမ်း ၈၄၆ ဧက စိုက်ပျိုးခဲ့ပြီး အခုနှစ် မိုးရာသီမှာတော့ ကျေးရွာ ၁၉ ရွာ တောင်သူ ၆၂၀ ဦးရဲ့ စိုက်ပျိုး‌မြေဧက ၂၅၀၀ ကျော်ကို GAP စနစ်နဲ့ မိုးနှမ်းစိုက်ပျိုးထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ ချောက်မြို့နယ်မှာ နှစ်စဉ် မိုးနှမ်းစိုက်ပျိုး‌မြေဧက ၃ သောင်းကျော် ရှိပြီး ၁ ဧက ပျမ်းမျှအထွက်နှုန်း ၇ တင်းကျော် ထွက်ရှိတယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့နှစ်က မိုးနှမ်း ၁ တင်းကို ကျပ် ၈ သောင်းကျော်အထိ ဈေးကောင်းခဲ့တာကြောင့် တောင်သူတွေက​ မိုးနှမ်းကို ပိုပြီး စိုက်ပျိုးလာကြတာပါ။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024